အလီပိုတွင် အစိုးရလေကြောင်း ထိုးစစ်အတွင်း ကလေးဆေးရုံကို ထိမှန်

အလီပိုတွင် အစိုးရလေကြောင်း ထိုးစစ်အတွင်း ကလေးဆေးရုံကို ထိမှန်

အလီပို၊ နိုဝင်ဘာ ၁၇ ။              ။ ဆီးရီးယားနိုင်ငံတွင် အစိုးရတပ်များ၏ သူပုန်ထိန်းချုပ်ရာ အလီပိုမြို့အရှေ့ပိုင်းကို လေကြောင်း ဗုံးကြဲမှုများ၌ ကလေးဆေးရုံ၊ သွေးလှုဘဏ်နှင့် လူနာတင်ကားများ ထိမှန်သည်။ ဘာရန်ကလေးဆေးရုံကို ဗုံးထိမှန်ခြင်းဖြစ်ပြီး ဆေးရုံမြေအောက်ခန်းသို့ ပြေးရှောင်ပုန်းခိုကြရသည်။

ပြီးခဲ့သည့်နှစ်ရက်အတွင်း အလီပိုမြို့တိုက်ပွဲများတွင် ကလေးများအပါအဝင် လူပေါင်း ၃၂ ဦးသေဆုံးကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

ဆီးရီးယားအစိုးရ၏ မဟာမိတ် ရုရှကြေညာထားသည့် သုံးပတ်ကြာ ယာယီအပစ်ရပ် ပြီးဆုံးပြီးနောက် နိုဝင်ဘာ ၁၅ ရက်မှစကာ ထိုးစစ်များ စတင်ဆင်နွှဲလာခြင်းဖြစ်သည်။

မြေပြင်တိုက်ပွဲများ စတင်ရန် ရှေ့စစ်မျက်နှာတစ်ချို့တွင် တပ်ဖွဲ့ဝင်အင်အားများစွာ ဖြန့်ကြက်ချထထားသည်ဟု မီဒီယာသတင်းများတွင် ဖော်ပြလျက်ရှိနေစဉ် အစိုးရ၏ လေကြောင်းထိုးစစ်များ   ပြန်လည် စတင်လာခြင်းလည်းဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက အတည်ပြုသည်။

နိုဝင်ဘာ ၁၅ ရက်တွင် ရှာအား၊ ဆူကာရီ၊ ဆတ်ခိုအူနှင့် ကာရမ်ဘတ်ခ်ဒေသများအပါအဝင် အလီပိုအရှေ့ပိုင်း၌ ဂျက်လေယာဉ်များမှ ဒုံးကျည်များပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲခြင်းနှင့်   လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲခြင်းကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags