နယူးယောက်၊ နိုဝင်ဘာ ၁၅ ။ ။ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှသမ္မတ ဗလာဒီမာပူတင်တို့ကြား ဖုန်းပြောဆိုပြီးနောက်တွင် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ထုတ်ပြန်သည်။
ရွေးကောက်ပွဲအစီအစဉ်များကို ထရမ့်အနေဖြင့် အောင်မြင်မှုရရန် ရုရှသမ္မတပူတင်က ဆန္ဒရှိနေသည်။ ရွေးကောက်ပွဲမဲဆွယ်မှုတွင် ပူတင်အား ချီးကျုးခဲ့သည့် ထရမ့်က ရုရှနှင့် ဆက်ဆံရေး ခိုင်မာရန် ဆန္ဒရှိကြောင်း ပြောသည်။
တစ်ချိန်တည်းတွင် ထရမ့်က နေတိုးခိုင်မာအားကောင်းအောင် လုပ်ဆောင်သွားရန် စိတ်ထားရှိသည်ဟု ပြောခဲ့ကြောင်း သမ္မတအိုဘားမားက ထုတ်ပြောသည်။
ထရမ့်နှင့် ပူတင် တွေ့ဆုံမှုတွင် ဆီးရီးယားအရေး ဆွေးနွေးခဲ့ကာ လက်ရှိ ရုရှနှင့် အမေရိကန်ဆက်ဆံရေးက ကျေနပ်ဖွယ် မရှိဖြစ်နေကြောင်းကို နှစ်ဦးသဘောတူခဲ့ကြောင်း ကရင်မလင်က ထုတ်ပြန် ခဲ့သည်။
ရုရှနှင့် အမေရိကန်ကြား ၂၀၁၇ ခုနှစ်တွင် သံတမန်ဆက်ဆံရေးတည်ထောင်မှု နှစ် ၂၁၀ ပြည့်မြောက်သည့် အထိမ်းအမှတ် ကျရောက်ခြင်းကိစ္စရပ်အပေါ်လည်း ၎င်းတို့နှစ်ဦးက ပြောဆိုခဲ့ကြသည်။
ထိုပြင် ဖုန်းဖြင့် အဆက်အသွယ် မပြတ်ရန် သဘောတူခဲ့ကာ မကြာမီ လူချင်းတွေ့ရန်လည်း စီစဉ်ခဲ့ကြောင်း ကရင်မလင်နန်းတော်က ထုတ်ပြန်ခဲ့သည်။