အသစ်ပြန်လည်ပြင်ဆင်ထားသည့် ငြိမ်းချမ်းရေးစာချုပ်ကို ကိုလံဘီယာအစိုးရနှင့် သူပုန်အဖွဲ့တို့ လက်မှတ်ရေးထိုး

အသစ်ပြန်လည်ပြင်ဆင်ထားသည့် ငြိမ်းချမ်းရေးစာချုပ်ကို ကိုလံဘီယာအစိုးရနှင့် သူပုန်အဖွဲ့တို့ လက်မှတ်ရေးထိုး

နိုဝင်ဘာ ၁၃ ။            ။ ကိုလံဘီယာအစိုးရနှင့် FARC သူပုန်တို့အကြား နှစ်ပေါင်း ၅၂ နှစ်ကြာ ပြည်တွင်းစစ်မီးကို ငြိမ်းသတ်စေနိုင်မည့် ငြိမ်းချမ်းရေးစာချုပ်သစ်တစ်ခုကို ယခုအခါ အသစ်ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ပြီး သဘောတူလက်မှတ်ရေးထိုးခဲဲ့ကြသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မူလ သဘောတူညီထားသည့် ငြိမ်းချမ်းရေးစာချုပ်မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲရလဒ်ဖြင့် ပယ်ချခံခဲ့ရပြီး ယင်းစာချုပ်ပါ အချက်အလက်များမှာ သူပုန်များဘက်ကို သာသာထိုးထိုး မျက်နှာသာပေးထားသည်ဟုဆိုကာ ကန့်ကွက်မှုများ ရှိထားခဲ့သည်။

ယခုအခါ အတိုက်အခံအုပ်စုများ၊ ဘာသာရေးခေါင်းဆောင်များနှင့် အခြားသက်ဆိုင်သူများထံမှ တင်ပြလာသော အဆိုပြုချက်များကို ပေါင်းစည်းထားနိုင်ခဲ့ပြီဖြစ်ကြောင်း အစိုးရနှင့် သူပုန်အဖွဲ့တို့က ပြောသည်။

ယခုအခါ ပြန်လည်ပြင်ဆင်ထားသည့် ငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ်သစ်ဖြင့် နိုင်ငံကို ပြန်လည်စုစည်းစေနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ကိုလံဘီယာ သမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ်က ပြောသည်။

ယခင် မူလ ရရှိထားသော စာချုပ်ကို ကျဉ်းမြောင်းသော ဆန္ဒခံယူပွဲရလဒ်ဖြင့် ကန့်ကွက်တားမြစ်ခံထားရသဖြင့် ယင်းနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထိခိုက်တုန့်ဆိုင်းမှုများ ဖြစ်ပေါ်ထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags