မန်ယူနောက်ခံလူ စမောလင်း ခြေချောင်းကျိုးဒဏ်ရာကြောင့် အသင်းရဲ့ အဓိကပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိ

မန်ယူနောက်ခံလူ စမောလင်း ခြေချောင်းကျိုးဒဏ်ရာကြောင့် အသင်းရဲ့ အဓိကပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိ
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက်နှင့် အင်္ဂလန်နောက်ခံလူ ခရစ်စမောလင်းဟာ ခြေချောင်းကျိုး ဒဏ်ရာရရှိပြီး နိုဝင်ဘာလ ၁၉ ရက်၊ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွှဲချော်မှာဖြစ်ပါတယ်။

၂၆ နှစ်အရွယ် ကစားသမားရဲ့ ဒဏ်ရာကြောင့် အနားယူမယ့် အချိန်အတိုင်းအတာကိုမူူ မန်ယူအသင်းက အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဒါပေမယ့် စမောလင်းဟာ ခြေချောင်းကျိုး ဒဏ်ရာကြောင့် အနည်းဆုံး တစ်လခန့် အနားယူရမှာဖြစ်သလို ပရီးမီးယားလိဂ် အဓိကပွဲကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ အဲဗာတန်နှင့် စပါးနှင့် ဝက်စ်ဟမ်းနှင့် လိဂ် ကွာတားဖိုင်နယ် အပါအဝင် အနည်းဆုံး ရ ပွဲလောက်ကို လွှဲချော်မယ်လို့ ဒေးလ်လီးမေးလ်က ရေးသားဖော်ပြထားပါတယ်။

နောက်ခံလူဟာ ဘယ်ချိန်က ဒဏ်ရာရရှိသည်ကို မသိရပေမယ့် လေ့ကျင့်ရေးပြုလုပ်မှုတွင် အဆိုပါ ဒဏ်ရာကို ရရှိတယ်လို့ ဆိုပါတယ်။

"သူ ဘာမှ ခံစားမှု မရှိပါဘူး။ သူ့ရဲ့နာကျင်မှုနဲ့အတူ ၁၀၀ ရာခိုင်နှုန်း ကစားနိုင်မှာပါ"လို့ ဆွမ်ဆီးကို အနိုင်ရတဲ့ ပွဲအပြီးမှာ နည်းပြ မော်ရင်ဟိုက ပြောပါတယ်။

စမောလင်းဟာ ဆွမ်ဆီးနှင့်ပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစာရင်းမှ နုတ်ထွက်ခဲ့တာပြီး နည်းပြမော်ရင်ဟိုရဲ့ ပြစ်တင်မှုနှင့် ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

စမော်လင်းဟာ ဒီရာသီ မန်ယူအသင်းမှာ ၁၁ ပွဲကစားထားပေမယ့် နောက်ဆုံး ၄ ပွဲကိုတော့ လွှဲချော်ခဲ့ပါတယ်။

Ref; BBC, Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly