ဆန်းချက်ဇ်ကို စွန့်စား အသုံးမပြုရန် ချီလီအသင်းကို အာစင်ဝင်းဂါး တောင်းဆို

ဆန်းချက်ဇ်ကို စွန့်စား အသုံးမပြုရန် ချီလီအသင်းကို အာစင်ဝင်းဂါး တောင်းဆို

နိုဝင်ဘာ ၁၁၊ အင်္ဂလန် ။                   ။ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ဒဏ်ရာပြဿနာရှိနေသည့် တိုက်စစ်မှူးအလက်ဆစ်ဆန်းချက်ဇ်ကို စွန့်စားပြီးအသုံးမပြုရန် ချီလီအသင်း တာဝန်ရှိသူများကို တောင်းဆိုလိုက်သည်။

ဆန်းချက်ဇ်သည် ချီလီအသင်း၏လေ့ကျင့်ရေးအစီအစဉ်တွင် ကြွက်သားဒဏ်ရာ ရရှိခဲ့သည့်အတွက် ကိုလံဘီယာနှင့်ဂိုးမရှိသရေ ကျခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို လွဲချော်ခဲ့သည်။

ဆန်းချက်ဇ်၏ ဒဏ်ရာမှာ မပြင်းထန်သောကြောင့် ချီလီအသင်းတာဝန်ရှိသူများက ကိုလံဘီယာနှင့်ပွဲတွင် ချန်လှပ်ထားပြီး ဥရုဂွေးနှင့်ပွဲတွင် အသုံးပြုရန် စီစဉ်ထားကြခြင်း ဖြစ်သည်။ ချီလီအသင်း ဆရာဝန်များကလည်း ဥရုဂွေးနှင့်ပွဲအမီ ဆန်းချက်ဇ်ပြန်လည်သက်သာလာမည်ဟု မျှော်လင့်နေကြသည်။

‘ဆန်းချက်ဇ်က အမြဲတမ်းဘောလုံးကစားချင်နေတဲ့သူပါ။ ဒဏ်ရာရှိနေရင်တောင် သူက အဆင်သင့်ပါပဲ။ သူ့ဒဏ်ရာက တံကောက်ကြောမှာ ရရှိထားတာလို့ ကျွန်တော်ယုံကြည်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဆရာဝန်တွေက သူ့ရဲ့ ဒဏ်ရာအခြေအနေကို MRI Scan ဖတ်ပြီး စစ်ဆေးသွားမှာပါ။ ချီလီအသင်းအနေနဲ့ ဆန်းချက်ဇ်ကို စွန့်စားပြီး မကစားစေသင့်ပါဘူး။ အဲ့ဒီလိုလုပ်ခဲ့ရင် သူ့ကို နှစ်လ၊ သုံးလလောက် လက်လွှတ်ဆုံးရှုံးရနိုင်ပါတယ်’ ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly