Brad Pitt ရဲ့ ကြမ်းတမ်းသောအပြုအမူအပေါ် စုံစမ်းစစ်ဆေးမှု ကို ပိတ်သိမ်းလိုက်ပြီ

Brad Pitt ရဲ့ ကြမ်းတမ်းသောအပြုအမူအပေါ် စုံစမ်းစစ်ဆေးမှု ကို ပိတ်သိမ်းလိုက်ပြီ

US မီဒီယာ ရဲ့ အစီရင်ခံစာအရ ပြီးခဲ့သောစက်တင်ဘာလက Brad Pitt ဟာသူ့ရဲ့သားအပေါ် ကြမ်းတမ်းသော အပြုအမူများနဲ့ဆက်ဆံမှု ရှိခဲ့သလားဆိုတဲ့စုံစမ်းစစ်ဆေးမှုဟာ မမှန်မကန်လုပ်မှုတစ်စုံတစ်ရာမှ ရှာဖွေတွေ့ရှိခဲ့ ခြင်းမရှိပဲ အဆုံးသတ်သွားပါပြီ။

Los Angeles မှ လူမှုဝန်ထမ်း တွေဟာ Mr Pitt ကသူ့ရဲ့ ၁၅နှစ်အရွယ်သားဖြစ်သူ Maddox ကို ကိုယ်ပိုင် ဂျက်လေယာဉ်ပျံအပေါ်မှာ ရိုက်ခဲ့တယ်ဆိုတ ဲ့အဆိုအပေါ်မှာ စုံစမ်းစစ်ဆေးနေခဲ့ကြတာပါ။

သူ့ရဲ့ဇနီး Angelina Jolie ဟာ အဆိုပါ အဖြစ်အပျက်ပြီး နောက်တစ်နေ့မှာ ကွာရှင်းပြတ်စဲ ဖို့အတွက် အမှုလုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ လက်ထပ်ထားခဲ့တာနှစ်နှစ်ခန့်ရှိပြီဖြစ်ပြီး အတူတကွနေထိုင်ခဲ့ တာကတော့ ဆယ်စုနှစ်တစ်ခုကျော်ကြာပြီပဲဖြစ်ပါတယ်။

Mr Pitt ကတော့ သူတို့ရဲ့သားသမီး ၆ယောက်ကို ပူးတွဲစောင့်ရှောက်ခွင့် ရရှိနိုင်ဖို့ ကြိုးပမ်းလျက် ရှိပါတယ်။

LA က ကလေးသူငယ်နဲ့ မိသားစုဝန်ဆောင်မှု ဌာနက ပြောရေးဆိုခွင့်ရှိသူ ကတော့ အေဂျင်စီဟာ Pitt အပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခြင်းနဲ့ ပက်သက်လို့ အတည်မပြု နိုင်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

Ms Jolie ကတော့ ပြီးခဲ့တဲ့စက်တင်ဘာ ၁၉ရက်နေ့မှာ သူမရဲ့အိမ်ထောင်ရေးကို အဆုံးသတ်ရမှာ “ညှိုနှိုင်း၍မရသော ကွဲပြားချက်” များဆိုပြီးတော့ အထောက်အထားပြခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags