နိုက်စ်ပရိသတ်များမှာ အကောင်းဆုံးဟု ဘာလော့တယ်လီပြော

နိုက်စ်ပရိသတ်များမှာ အကောင်းဆုံးဟု ဘာလော့တယ်လီပြော

နိုဝင်ဘာ ၉၊ နိုက်စ်။               ။ ကြုံတွေ့ခဲ့ဖူးသော ပရိသတ်များအနက် နိုက်စ်အသင်းပရိသတ်များက အကောင်းဆုံးဖြစ်ကြောင်း ဘာလော့တယ်လီက ပြောဆို လိုက်သည်။

အီတလီလက်ရွေးစင်ကစားသမားသည် အပြောင်းအရွှေ့နောက်ဆုံးရက်တွင် လီဗာပူးလ်မှ နိုက်စ်သို့ပြောင်းရွှေ့လာချိန်၌ နွေးထွေးစွာကြိုဆိုခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံးပရိသတ်များဟုညွှန်းဆိုခံရသည့် လီဗာပူးလ်ပရိသတ်များထက် နိုက်စ် ပရိသတ် များက ပိုကောင်းကြောင်း ဘာလော့တယ်လီက ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ကစားခဲ့ဖူးသမျှအသင်းတွေထဲမှာ ဒီပရိသတ်လောက် ကောင်းတဲ့ဝန်းကျင်တစ်ခုကို ကျွန်တော်မမြင်ဖူးသေးဘူး”ဟု ဘာလော့တယ်လီက တယ်လီဖွတ်သို့ ပြောသည်။

အသင်းတွင် လျှင်မြန်စွာအထိုင်ကျခဲ့သဖြင့်လည်း ဘာလော့တယ်လီက ကျေနပ်ဝမ်းမြောက်နေသည်။ “အေးဆေးပါပဲ။ လူတွေက ကျွန်တော့်ကိုသဘောကျတဲ့အခါ ကျွန်တော်ပျော်နေပါတယ်”ဟု ဘာလော့တယ်လီက ပြောသည်။

ဘာလော့တယ်လီသည် နိုက်စ်အသင်းအတွက် ကိုးပွဲကစားပြီး ခုနစ်ဂိုးသွင်းကာ ခြေစွမ်းပြနေသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags