မဲရုံပိတ်ပြီး စတင်ရေတွက် မဲရလဒ်တွင် ထရန့် အသာစီးရ

မဲရုံပိတ်ပြီး စတင်ရေတွက် မဲရလဒ်တွင် ထရန့် အသာစီးရ

နယူးယောက်၊ နိုဝင်ဘာ ၉ ။              ။ နိုဝင်ဘာ ၈ ရက်တွင် အမေရိကန်ပြည်သူများ၏ တစ်ကမ္ဘာလုံးစောင့်ကြည့်နေသည့် အိမ်ဖြူတော်အတွက် ၄၅ ယောက်မြောက် သမ္မတသစ် ရွေးချယ်သည့်   ရွေးကောက်ပွဲမဲရုံများ ပိတ်ကာ စတင်မဲရလဒ် ရေတွက်နေပြီြုဖစ်သည်။

မဲပေးနိုင်သူ အမေရိကန်ပြည်သူ သန်း ၂၀၀ က နိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတကို ရွေးချယ်မည်လား၊ အမေရိကန်မူဝါဒပေါ်လစီများကို ပြောင်းပြန်လှန်ပစ်မည့် ထင်ရှားသည့် ဘီလျှံနာသူဌေးကြီး တစ်ဦးကို ရွေးချယ်မည်လားဆိုသည်က မကြာမတင် အချိန်၌ အဖြေပေါ်တော့မည်ဖြစ်သည်။

မဲရေတွက်မှု အစောပိုင်းအရ အင်ဒီယာနား၊ ကင်တပ်ကီနှင့် အနောက်ဗာဂျီးနီးယားတို့တွင် ရီပတ်ဘရီကန်အမာခံပြည်နယ်များဖြစ်သည့်အတိုင်း ထရန့်က အသာစီးရထားသည်။ ဗားမောင့်တွင် ဟီလာရီက မဲအသာရသည်။

ထိုရလဒ်က အံ့သြစရာ မရှိဘဲ အဓိက ဖလော်ရီဒါနှင့် ပင်ဆေဗေးနီးယားပြည်နယ်တို့က မဲရလဒ်ကို အဓိကထား စောင့်ကြည့်ရမည်ဖြစ်ပြီး ယင်းပြည်နယ်မဲရလဒ်များက ကမ္ဘာ့စီးပွားရေး အကြီးဆုံးနိုင်ငံကို ဦးဆောင်မည့်သူအား ရွေးချယ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly