မြန်မာနိုင်ငံမှာ ဒေါ်လာသန်း (၅၀) ရင်းနှီးမြှုပ်နှံရန် FPT Myanmar စီစဉ်

မြန်မာနိုင်ငံမှာ ဒေါ်လာသန်း (၅၀) ရင်းနှီးမြှုပ်နှံရန် FPT Myanmar စီစဉ်

မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်ထိ ပထမအဆင့်အတွက် အမေရိကန် ဒေါ်လာ သန်း (၅၀) ခန့် ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ် FPT ကော်ပိုရေးရှင်းပိုင် FPT Myanmar ကုမ္ပဏီလီမိတက်က စီစဉ်ထားတယ်လို့ Deal Street Asia မှာ ဖော်ပြထားပါတယ်။

အဆိုပါကုမ္ပဏီက ငွေပေးချေမှု နေရာမျိုးတွေမှာ အဓိက ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ထားပြီး ပိုမိုကျယ်ပြန့်တဲ့ တယ်လီကွန်၊ ဘဏ်စနစ်၊ ငွေကြေးဆိုင်ရာ ဘဏ္ဍာရေး ဝန်ဆောင်မှုနှင့် အီး-အုပ်ချုပ်ရေးစနစ် (e-governance) အပါအဝင် နည်းပညာနဲ့ဆက်နွှယ်တဲ့ ကဏ္ဍတွေကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

FPT Myanmar ကုမ္ပဏီက အင်တာနက်ပေါ်မှ စီးပွားဖြစ် ငွေကြေးလွှဲပြောင်းပြီး အွန်လိုင်းဂိမ်းနှင့်ဆက်စပ်တဲ့ စီးပွားရေး အခွင့်အလမ်းတွေကိုလည်း စူးစမ်းလေ့လာနေတယ်လို့ ဆိုပါတယ်။

FPT Myanmar က မြန်မာနိုင်ငံမှာ ငွေပေးချေမှု ဝန်ဆောင်မှုတွေ တိုးတက်လာဖို့ ၁၀ နှစ်ကြာ နိုင်ငံတော်အဆင့် စီမံကိန်း လုပ်ကိုင်ရန် အဖွဲ့ဝင် (၂၃) ဘဏ်ရှိတဲ့ Myanmar Payment Union (MPU) နှင့် သဘောတူညီမှု လက်မှတ်ရေးထိုးထားခဲ့ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly