WTA အဆင့်သတ်မှတ်ချက် ထိပ်ဆုံးစာရင်းမှာ ဂျာမန်တင်းနစ်မယ် ခါဘာ ဆက်လက် ဦးဆောင်

WTA အဆင့်သတ်မှတ်ချက် ထိပ်ဆုံးစာရင်းမှာ ဂျာမန်တင်းနစ်မယ် ခါဘာ ဆက်လက် ဦးဆောင်
ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာ (ဓာတ်ပုံ - အီးပီအေ)

အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA) အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်လိုက်ရာမှာ ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာကပဲ ထိပ်ဆုံးကနေ ဦးဆောင်နေခဲ့ပြီး တရုတ်နိုင်ငံ ဇူဟိုင်းမှာ WTA Elite ဆွတ်ခူးခဲ့တဲ့ ချက်တင်းနစ်မယ်က ပတ်ထရစ် ကာဗစ်တိုဗာက အဆင့် (၁၁) နေရာထိ ခုန်တက်လာပါတယ်။

နိုဝင်ဘာလ ၆ ရက်၊ တနင်္ဂနွေနေ့က ကာဗစ်တိုဗာက ပြိုက်ဘက် ယူကရိန်းတင်းနစ်မယ် အလီနာ ဆဗီတိုလီနာကို ၆-၄၊ ၆-၂ နဲ့နိုင်ပြီး ဗိုလ်စွဲခဲ့တာကြောင့် စက်တင်ဘာနှောင်းပိုင်းက ဝူဟမ်အိုပင်း ဖလားရယူပြီးနောက် ယခုနှစ်အတွင်း ဆုဖလား နှစ်ကြိမ် ရရှိခဲ့ပါတယ်။

အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံက ဒုတိယနေရာပဲ ရပ်တည်နေရစ်ပြီး သူ့အောက်မှာတော့ ရစ်ဝမ်စ်ကာ (ပိုလန်) က တတိယ၊ ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) စတုတ္ထနေရာ အစဉ်လိုက် ရှိနေပါတယ်။

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

၁) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ၉,၀၈၀
၂) ဆရီနာဝီလျံ (အမေရိကန်) ရမှတ် ၇,၀၅၀
၃) ရစ်ဝမ်စ်ကာ (ပိုလန်) ရမှတ် ၅,၆၀၀
၄) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ရမှတ် ၅,၂၂၈
၅) ဒိုမီနီကာ ဆက်ဘလူးကိုဗာ (ဆလိုဗက်ကီးယား) ၄,၈၇၅
၆) ပလစ်ဆကိုဗာ (ချက်) ရမှတ် ၄,၆၀၀
၇) မူဂူရူဇာ (စပိန်) ရမှတ် ၄,၂၃၆
၈) မာဒီဆန် ကီးစ် (အမေရိကန်) ရမှတ် ၄,၁၃၇
၉)  ကက်ခ်နက်ဇီဗာ (ရုရှား) ရမှတ် ၄,၁၁၅
၁၀) ဂျိုဟာနာ ကွန်တာ (ဗြိတန်) ရမှတ် ၃,၆၄၀

©EFE_EPA  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly