မနီလာ၊ နိုဝင်ဘာ ၇ ။ ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ရဲတပ်ဖွဲ့အတွက် အမေရိကန်နိုင်ငံမှ ရိုင်ဖယ်များ ဝယ်ယူမည့် အစီအစဉ်ကို နိုဝင်ဘာ ၇ ရက်က ဖျက်သိမ်းလိုက်ပြီး ပိုမိုဈေးချိုးသည့် ရောင်းလက်ကို ရှာမည်ဖြစ်ကြောင်း ပြောလိုက်သည်။
“ကျွန်တော်တို့အနေနဲ့ ပိုလည်း ဈေးချိုပြီး ရေရှည်လည်း သုံးနိုင်မဲ့ နောက်ထပ်ရောင်းလက်ကို ရှာသွားမှာဖြစ်ပါတယ်။”ဟု ဒူတာတေးက ရုပ်သံမိန့်ခွန်းတွင် ပြောကြားသည်။
အမေရိကန်လွှတ်တော်အမတ် ဘန်ကာဒင်းက ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့သို့ ရိုင်ဖယ် ၂၆၀၀၀ လက် ရောင်းချမည့် အစီအစဉ်ကို ကန့်ကွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထား၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းရောင်းချမည့် အစီအစဉ်ကို ရပ်ဆိုင်းထားလိုက်ခြင်းဖြစ်ကြောင်း လွှတ်တော်မှ တာဝန်ရှိသူများက ရိုက်တာသို့ ပြောသည်။