စီရော်နယ်လ်ဒိုဟာ ၎င်းရဲ့ စာချုပ်သစ် သက်တမ်းတိုးဖို့ ရီးယဲလ်မက်ဒရစ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီး စာချုပ်အရ စီရော်နယ်လ်ဒိုမှာ ရီးယဲလ်အသင်းမှာ ၂၀၂၁ ခုနှစ်အထိ ဆက်ရှိနေမယ်လို့ သိရပါတယ်။
အသက် (၃၁) နှစ်အရွယ် ကစားသမားဟာ လက်ရှိစာချုပ်မှာ ၂၀၁၈ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် ပေါ်တူဂီတိုက်စစ်မှူးက အသက် (၃၆) ထိ ရီးယဲလ်မှာ ရှိနေမယ့် (၅) နှစ်သက်တမ်းရှိ စာချုပ်သစ် တစ်ရပ်ချုပ်ကို တနင်္လာနေ့မှာ လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။
ရီးယဲလ်အသင်းအနေနဲပ စီရော်နယ်လ်ဒိုကို လက်ရှိ ပေးချေနေတဲ့ တစ်ပတ်လုပ်ခပေါင် (၃၆၅၀၀၀) ဝန်းကျင်နှင့် စာချုပ်သက်တမ်းတိုးမှာဖြစ်သလို စာချုပ်ပါလျော်ကြေးမှာလည်း အရင်အတိုင်း ယူရို(၁) ဘီလီယံအထိ ဆက်ရှိနေမယ်လို့ သိရပါတယ်။
ရော်နယ်လ်ဒိုဟာ မန်ယူအသင်းမှ ၂၀၀၉ ခုနှစ်က ရီးယဲလ်ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း အသင်းအတွက် (၃၇၁) ဂိုး သွင်းယူခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ (၇)နှစ်အတွင်း စပိန်ကလပ်အသင်းနဲ့အတူ အဓိက ဖလားတွေဖြစ်တဲ့ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်၊ လာလီဂါ အမှတ်ပေး ဖလားတစ်ကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်။
ရီးယဲလ်အသင်းက ဘေးလ်ကို ၂၀၂၂ ခုနှစ်အထိ ဆက်ရှိမယ့် (၆) နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် တစ်ပတ်အကြာမှာ ရော်နယ်လ်ဒိုကိုလည်း အခုလို သက်တမ်းတိုးနိုင်ခဲ့တာဖြစ်ပါတယ်။
Ref; BBC Sports