အာဆင်နယ်တွင် ကာလရှည်ဆက်နေလျှင် အိုဇေးလ်မှာ ဘားကင့်ပ်ကဲ့သို့ ဖြစ်လာနိုင်ဟု အာစင်ဝင်းဂါးပြော

အာဆင်နယ်တွင် ကာလရှည်ဆက်နေလျှင် အိုဇေးလ်မှာ ဘားကင့်ပ်ကဲ့သို့ ဖြစ်လာနိုင်ဟု အာစင်ဝင်းဂါးပြော

နိုဝင်ဘာ ၅၊ လန်ဒန်။                   ။ အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက အိုဇေးလ်ကို အာဆင်နယ်အသင်းတွင် ကာလရှည်ဆက်နေရန် စိန်ခေါ်လိုက်ပြီး ဂန္ထဝင် ကစားသမား ဒင်းနစ်ဘားကင့်ပ် ကဲ့သို့ဖြစ်လာနိုင်သည်ဟု ပြောသည်။

ခြေစွမ်းကောင်းရနေသည့် အိုဇေးလ်၏လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၁၈ တွင်ကုန်ဆုံးမည်ဖြစ်ပြီး ၎င်း၏ခြေစွမ်းကြောင့် တန်ဖိုး မြင့်တက်နေချိန်တွင် စာချုပ်သစ်အတွက် သဘောတူရခြင်းလည်း မရှိသေးပေ။

ဝင်းဂါးက အိုဇေးလ်ကို ဘားကင့်ပ်နှင့်နှိုင်းယှဉ်ခဲ့သော်လည်း နယ်သာလန်ဂန္ထဝင်ကဲ့သို့ အသင်းတွင်ကာလရှည်ဆက်နေနိုင်မှသာ သမိုင်းမှတ်တမ်းတင်ကျန်ရစ်လိမ့်မည်ဟု ပြောသည်။

အာဆင်နယ်နည်းပြ ဝင်းဂါးက “ဘားကင့်ပ်နဲ့တူတာတွေရှိပါတယ်။ သူဆက်နေမယ်ဆိုရင် ဂန္ထဝင်တစ်ယောက်ဖြစ်လာမယ်လို့ ထင်ပါတယ်။

ဘားကင့်ပ်ဟာ အသက် ၃၈ နှစ်အရွယ်ထိ တော်တော်ကြာအောင် ကစားပေးခဲ့ပါတယ်။ ကျွန်တော်တို့ အိုဇေးလ်ကို ၁၀ နှစ် အထက်ရှိစေဖို့ ဆုတောင်းပါတယ်။ အဲဒီအပေါ်မူတည်တယ်။ အသင်းတစ်သင်းမှာ ဂန္ထဝင်တစ်ယောက်ဖြစ်လာဖို့ ကြာကြာကစားပေးဖို့လိုပါတယ်။

ဘားကင့်ပ်လို့ ဂန္ထဝင်တစ်ယောက်ဖြစ်လာဖို့ကတော့ နှစ်နှစ်လောက်နဲ့မရဘူးလို့ ကျွန်တော်နားလည်ထားပါတယ်။ စာချုပ်အတွက် ကျွန်တော်တို့ ဆက်လုပ်နေပါတယ်။ ကျွန်တော်တို့ဒါကို ဆက်လုပ်နေတယ်”ဟု ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly