ကျူဟိုင်း၊ နိုဝင်ဘာ ၁ ။ ။ တရုတ်အစိုးရက နိုင်ငံတောင်ပိုင်း ကျူဟိုင်းတွင် နိုဝင်ဘာ ၁ ရက်၌ ကျင်းပမည့် နှစ်နှစ်တစ်ကြိမ် လေကြောင်းပြပွဲတွင် ရေဒါခြေရာခံ၍ မရနိုင်သည့် ဂျက်တိုက်လေယာဉ်အမျိုးအစားသစ် Chengdu J-20 ကို မိတ်ဆက်ပြသဖွယ်ရှိကြောင်း သိရသည်။
ကမ္ဘာ့လေကြောင်းစီးပွားရေးဈေးကွက်တွင် လာမည့်ဆယ်စုနှစ်၌ တရုတ်အနေဖြင့် အမေရိကန်ကို ကျော်တက်နိုင်ရန် ပြင်ဆင်သည့်အစီအစဉ်အဖြစ် Airshow China ကို ယခုကဲ့သို့ ကျင်းပပြီး အိမ်နီးခြင်းနိုင်ငံများနှင့် အခြားကမ္ဘာ့နိုင်ငံများသို့လည်း စစ်ရေးစွမ်းရည်ကို ပြသခြင်းလည်းဖြစ်သည်။
ကျူဟိုင်းတွင် ၂၀၁၄ ခုနှစ်က ကျင်းပခဲ့သည့် လေကြောင်းပြပွဲတွင်လည်း ပြည်ပသို့ တင်ပို့ရောင်းချရန် ရည်ရွယ်ထားသည့် J-31 အမျိုးအစား ရေဒါခြေရာမခံနိုင်သည့် ဂျက်တိုက်လေယာဉ်တစ်မျိုးကို ပြသခဲ့သည်။