ဧပြီလအတွင်း ကသရုပ်ဆောင် စုံတွဲနှစ်ဦး ဘရစ္စဘိန်းသို့ ကိုယ်ပိုင်လေယာဉ်ဖြင့် လာရောက်ခဲ့ ကြရာတွင် ၎င်းတို့ ၏ခွေးနှစ်ကောင်ဖြစ် သည့် Pistol နှင့် Boo တို့ကို ယူဆောင်လာခဲ့ကြခြင်းဖြစ်ပြီး သြစတြေးလျ အာဏာပိုင် များအား အသိပေး ခွင့်တောင်းရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။
မင်းသမီး အမ်ဘာဟာ့ဒ် သည် ခွေးများကို သြစတြေးလျသို့ တရားမဝင် ယူဆောင်လာခဲ့ခြင်း နှင့် ပတ်သက် သော စွဲချက်နှစ်ခုနှင့် စာရွက်စာတမ်းအတု ပြုလုပ်မှှုဆိုင်ရာ စွဲချက် တစ်ခုတို့ကို ရင်ဆိုင်နေရသည်။
တရားမဝင် ယူဆောင်လာမှှု စွဲချက်များအရ မင်းသမီးအား အများဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ် အထိ အပြစ်ပေးနိုင် ကာငွေဒဏ် အဖြစ် သြစတြေးလျ ဒေါ်လာ တစ်သိန်း နှစ်ထောင်(ပေါင်ငွေ ၄၈,၀၀၀) ချမှတ်နိုင် သည်။
စာရွက်စာတမ်းအတု ပြုလုပ်မှှုဆိုင်ရာ စွဲချက်မှာမူ ခရီးသည်ကတ်ပြားအတွက် သတင်းအချက် အလက်များ ပေးခြင်းနှင့် ဆက်နွယ်နေသည်။ ထိုစွဲချက်အတွက်မူ မင်းသမီးအား အများဆုံး ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ပြီး ငွေဒဏ်အဖြစ် သြစတြေးလျဒေါ်လာ ၁၀,၂၀၀ (ပေါင်ငွေ ၄,၈၀၀) ချမှတ်နိုင်သည်။
ထိုခွေးနှစ်ကောင် ယူဆောင်လာခဲ့ရာတွင် သြစတြေးလျ အာဏာပိုင်များ သိရှိသွားခဲ့ကြ ပြီးနောက် ထိုခွေး နှစ်ကောင်ကို သြစတြေးလျနိုင်ငံအတွင်းမှ ပြန်ခေါ်မသွားပါက ထိုခွေးများကို သတ်ပစ်မည်ဟု သြစတြေးလျ စိုက်ပျိုးမွေးမြူရေးဝန်ကြီးက ခြိမ်းခြောက် ပြောဆိုခဲ့သည်။
ထို့နောက် ရက်အနည်းငယ် အကြာတွင် ထိုခွေးနှစ်ကောင်ကို သြစတြေးလျနိုင်ငံ၏ ပြင်ပသို့ ပို့ဆောင်လိုက် ရသည်။
Ref: BBC