မိုဆူးလ်ရှိ အိုင်အက်စ်များ လက်နက်ချမလား၊ အသေခံမလားဟု အီရတ်ဝန်ကြီးချုပ် ပြော

မိုဆူးလ်ရှိ အိုင်အက်စ်များ လက်နက်ချမလား၊ အသေခံမလားဟု အီရတ်ဝန်ကြီးချုပ် ပြော

မိုဆူးလ်၊ နိုဝင်ဘာ ၁ ။            ။ အီရတ်နိုင်ငံအတွင်း အိုင်အက်စ်တို့၏ နောက်ဆုံးအမာခံမြို့ဖြစ်သော မိုဆူးလ်မြို့သို့ အစိုးရတပ်များ ချည်းကပ်လာပြီဖြစ်၍ အိုင်အက်စ်အုပ်စုအနေဖြင့် လက်နက်ချတော့ရန် အီရတ်ဝန်ကြီးချုပ်က တိုက်တွန်းသည်။

တိုက်ခိုက်ရေးစစ်ဝတ်စုံ ဝတ်ဆင်လျက် ဝန်ကြီးချုပ် ဟိုင်ဒါအဘာဒီက ရုပ်မြင်သံကြားတွင် မိန့်ခွန်းပြောကြားရာ၌ “အိုင်အက်စ်တွေမှာ ရွေးချယ်စရာ မရှိတော့ဘူး။ လက်နက်ချရင်ချ ဒါမှမဟုတ် အသေခံရုံပဲရှိတော့တယ်။”ဟု ပြောသည်။

လက်ရှိတွင် အီရတ်အထူးတပ်ဖွဲ့များက မိုဆူးလ်မြို့အရှေ့စွန်ဖျားမှ တစ်ကီလိုမီတာသာ ကွာဝေးသည့် နေရာသို့ ချဉ်းနင်းရောက်ရှိနေပြီး မြို့တွင်းသို့ ထိုးစစ်ဖွင့်ရန် ပြင်ဆင်လျက်ရှိနေသည်။

တစ်ချိန်တည်းတွင် တောင်ဖက်မှလည်း စစ်တပ်ယူနစ်များက ထိုးစစ်ချီလျက်ရှိသည်။

“အိုင်အက်တွေဆီ ကျွန်တော်တို့ စီးနင်းတော့မှာပါ။ သူတို့အတွက် လွတ်မြောက်လမ်း မရှိပါဘူး။”ဟု အဘာဒီက ပြောသည်။

ဝန်ကြီးချုပ် အဘာဒီအနေဖြင့် အီရတ်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်လည်းဖြစ်သည်။

အီရတ် အကြမ်းဖက်တန်ပြန်တပ်ဖွဲ့နှင့်အတူ လိုက်ပါသတင်းယူသည့် ဘီဘီစီသတင်းထောက်က အောက်တိုဘာ ၃၁ ရက်က ထိုးစစ်တွင် အိုင်အက်စ်တို့ဖက်က ခုခံမှုများ ရှိနေကြောင်း ပြောသည်။

စစ်ယာဉ်တန်းကို ပစ်မှတ်ထားကာ အိုင်အက်စ်တို့က ကားဗုံးဖောက်ခွဲကြောင်း ၎င်းကဆိုသည်။

မိုဆူးလ်မြို့ အရှေ့၊ မြောက်နှင့် တောင်ဖက်တို့က ကျေးရွာတစ်ချို့ကို အောက်တိုဘာ ၃၁ ရက်က အီရတ်တပ်များအနေဖြင့် ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်တပ်က ပြောသည်။

မိုဆူးလ်မြို့တွင်း ထိုးစစ်ကို မည်သည့်အချိန်တွင် စတင်မည်ဖြစ်ကြောင်း သေချာမသိရသေးဘဲ မြို့တွင်းမှ အိုင်အက်စ်တို့က အပြင်းအထန် ခုခံနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags