နယူးယော့ခ် ၊ အောက်တိုဘာ ၃၁ ။ ။ ဟောလိဝုဒ် အကျော်အမော်များဖြစ်သော ဘရက်ဒ်ပစ် နှင့် အိန်ဂျလီနာဂျိုလီတို့သည် နယူးအော်လန်မြို့ရှိ နေအိမ်ကို အမေရိကန်ဒေါ်လာ ၄ဒသမ၉သန်းဖြင့် ရောင်းချခဲ့ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဂျိုလီသည် စက်တင်ဘာလက ဘရက်ဒ်ပစ်နှင့် ကွာရှင်းပေးရန် တရားရုံးတွင် လျှောက်ထားခဲ့ကြောင်း နှင့် လျှောက်ထားချက်တွင် ညှိနှိုင်း၍ မရသော ကိစ္စရပ်များကြောင့် ကွာရှင်းခွင့် တောင်းခံခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ဘရက်ဒ်ပစ် နှင့် လမ်းခွဲခဲ့သည့်အချိန်မှစ၍ ဂျိုလီနှင့် သားသမီးခြောက်ယောက်သည် အတူနေထိုင်လျက်ရှိသည်။
ဘရက်ဒ်ပစ် နှင့် ဂျိုလီတို့သည် ဟာရီကိန်း မုန်တိုင်း ကက်ရီနာ တိုက်ခိုက်ပြီးနောက် ၂၀၀၇ ခုနှစ်က အဆိုပါ အိမ်ကို အမေရိကန်ဒေါ်လာ ၃ဒသမ ၅သန်းဖြင့် ဝယ်ယူခဲ့ပြီး ဘရက်ဒ်ပစ်သည် နယူးအော်လန်မြို့ အနီးရှိ လိုဝါးနစ်ဝပ်ဒ်ဒေသတွင် အိမ်ရာသစ်များ ဖွံ့ဖြိုးတိုးတတ်မှုကို မြှင့်တင်ရန် Make It Right ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သည်။
အဆိုပါ နေအိမ်သည် ၁၈၃၀ ပြည့်လွန်နှစ်ခေတ် အိမ်ကြီးရခိုင်ပုံစံ သုံးထပ်တိုက်ဖြစ်ပြီး ဧရိယာစတုရန်းပေ ၇၆၄၅ ကျယ်ဝန်းကာ အိမ်ခန်း ငါးခန်း ၊ ရေးချိုးခန်းသုံးခန်း၊ သန့်စင်ခန်း နှင့် လက်ဆေးကန်ပါဝင်သော ရေးချိုးခန်းနှစ်ခန်းတို့ပါဝင်သည်။