မန်ယူအရန်အသင်းတွင်ပါ ရှဝိန်းစတိုင်ဂါ ပိတ်ပင်ခံရ

မန်ယူအရန်အသင်းတွင်ပါ ရှဝိန်းစတိုင်ဂါ ပိတ်ပင်ခံရ

အောက်တိုဘာ ၃၁၊ မန်ချက်စတာ။               ။ ဂျာမန်ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါသည် မန်ယူအရန်အသင်းတွင်ပါ ကစားခွင့်ပိတ်ပင်ခံထားရသည်ဟု မယ်ရာ သတင်းစာက ဖော်ပြခဲ့သည်။

မန်ယူအရန်အသင်းနည်းပြ ဝါရန်ဂျွိုက်စ်သည် ဂျာမနီအသင်းနှင့်အတူ ကမ္ဘာ့ဖလားရထားသော ရှဝိန်းစတိုင်ဂါကို ပရီးမီးယားလိဂ် ယူ-၂၃ ပြိုင်ပွဲ၌ ထည့်သွင်းသုံးစွဲခွင့်ရမည်လားဟု လွန်ခဲ့သည့်နှစ်ပတ်အတွင်းက မေးမြန်းထားခဲ့သည်။

သို့သော် မော်ရင်ဟိုနှင့်နည်းပြအဖွဲ့က တစ်ပတ်ပေါင် ၁၇၀, ၀၀၀ ရနေသော ရှဝိန်းစတိုင်ဂါကို မည်သည့်မန်ယူအသင်းတွင်မှ ထည့်သွင်းကစားခွင့်ရှိမည်မဟုတ်ဘဲ  လေ့ကျင့်ခန်းသာ လုပ်ခွင့်ပေးထားရ မည်ဟု အကြောင်းပြန်ခဲ့သည်။

မန်ယူအရန်အသင်းနည်းပြ ဝါရန်ဂျွိုက်စ်မှာ ဝီဂန်အသင်းက နည်းပြသစ်အဖြစ်ခေါ်ယူရန် ပစ်မှတ်ထားခံနေရသည်။ အကယ်၍ ဂျွိုက်စ်သာ ဝီဂန်သို့ပြောင်းရွှေ့သွားပါက ရှဝိန်းစတိုင်ဂါပြဿနာက အကြောင်းပြချက် တစ်ခုလည်း ဖြစ်လာဖွယ်ရှိသည်။

ဂျွိုက်စ်သည် ၂၀၁၀ တွင် မန်ယူအရန်အသင်းသို့ ရောက်ရှိခဲ့ပြီး ပေါ့ဂ်ဘာ၊ လင်ဂတ် ကဲ့သို့သော ကစားသမားများကို တိုးတက်လာအောင် စွမ်းဆောင်ပေးခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly