ကာရစ်ကို အသုံးမပြုသည့် မော်ရင်ဟိုအား ဖာဒီနန်မေးခွန်းထုတ်

ကာရစ်ကို အသုံးမပြုသည့် မော်ရင်ဟိုအား ဖာဒီနန်မေးခွန်းထုတ်

အောက်တိုဘာ ၃၀၊ မန်ချက်စတာ ။                ။ ကွင်းလယ်ကစားသမားကာရစ်အပေါ် နည်းပြမော်ရင်ဟို၏ ဆက်ဆံပုံနှင့်ပတ်သက်ပြီး မန်ယူနာမည်ကျော်နောက်ခံလူဟောင်း ဖာဒီနန်က ဝေဖန်လိုက်သည်။

အသက် ၃၅ နှစ်အရွယ်ကွင်းလယ်ကစားသမားသည် လက်ရှိပရီးမီးယားလိဂ်ရာသီတွင် မန်ယူအတွက်တစ်ပွဲသာ ကစားခွင့်ရထားပြီး ယင်းပွဲမှာ စက်တင်ဘာလအတွင်း လက်စတာကို ၄-၁ ဖြင့်နိုင်သည့်ပွဲ၌ ၁၂ မိနစ် လူစားဝင်ကစားခွင့် ရခဲ့ခြင်းဖြစ်သည်။

စနေနေ့က ဘန်လေနှင့် ဂိုးမရှိသရေကျသည့်ပွဲတွင်လည်း ကာရစ်မှ ထပ်မံချန်လှပ်ခံခဲ့ရသည်။ ယင်းရလဒ်ကြောင့် မော်ရင်ဟို၏ မန်ယူအသင်းမှာ ပရီးမီးယားလိဂ်လေးပွဲဆက်နိုင်ပွဲပျောက်နေပြီး ဇယားထိပ်မှအသင်းနှင့်လည်း ရှစ်မှတ်ကွာဟသွားခဲ့သည်။

လက်ရှိမန်ယူအသင်းမှာ ကာရစ်မပါသောကြောင့် ဘောလုံးပေးပို့မှုအားနည်းနေပြီး ယင်းကစားသမားမှာ မော်ရင်ဟို၏ အစီအစဉ်ထဲတွင် မည်သည့်အတွက်ကြောင့်ပါဝင်ခြင်း မရှိသည်ကို လူမှုကွန်ယက်မှတစ်ဆင့် ဖာဒီနန်က မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly