အောက်တိုဘာ ၃၀၊ မက်ဒရစ်။ ။ ရီးယဲလ်မက်ဒရစ်အသင်းသည် အနာဂါတ်အတွက်သင့်တော်သည့်နည်းပြများကို စဉ်းစားနေရာ စပါးနည်းပြပိုချက်တီနိုမှာ ထိပ်ဆုံးမှဖြစ်နေသည်ဟု ယူဆရကြောင်း မယ်ရာသတင်းစာက ဖော်ပြထားသည်။
လက်ရှိပြင်သစ်လူမျိုးနည်းပြဇီဒန်းသည် ပထမဆုံးရာသီတွင်အသင်းကို ချန်ပီယံလိဂ်ဖလားရအောင် ဦးဆောင်ပေးထား သော်လည်း ရီးယဲလ်အသင်းဥက္ကဋ္ဌပီရက်ဇ်က ဇီဒန်း၏နေရာတွင်အစားထိုးရန် သင့်တော်သူကို ရှာဖွေနေခြင်းဖြစ်သည်။
ပိုချက်တီနိုမှာ ရီးယဲလ်မက်ဒရစ်၏ ဦးစားပေးပစ်မှတ်ဖြစ်သည်ဟု ယူဆရပြီး အက်စပန်ညိုနည်းပြဟောင်းအနေဖြင့် ဥရောပ ထိပ်သီးအသင်းကြီးကို ကိုင်တွယ်ရန်ဆန္ဒရှိမည်ဟု ယုံကြည်ရကြောင်း မယ်ရာသတင်းတွင် ဆက်လက်ဖော်ပြထားသည်။
စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းသည် ပိုချက်တီနိုအပေါ်ရီးယဲလ်မက်ဒရစ်၏ စိတ်ဝင်စားမှုကိုသိရှိထားပြီးဖြစ်ပြီး ယခုနှစ်နွေရာသီ အတွင်းကမှ ငါးနှစ်စာချုပ်သစ်ချုပ်ထားသည့် ယင်းနည်းပြကို အသင်းတွင်ဆက်ရှိအောင် ကြိုးပမ်းမည်ဖြစ်သည်။
Ref; goal.com