ကျန်းမာရေးထိခိုက်မည်စိုး၍ နှလုံးခုန်နှုန်း စောင့်ကြည့်ကိရိယာတပ်ရန် ကွန်တီ စဉ်းစားနေ

ကျန်းမာရေးထိခိုက်မည်စိုး၍ နှလုံးခုန်နှုန်း စောင့်ကြည့်ကိရိယာတပ်ရန် ကွန်တီ စဉ်းစားနေ

အောက်တိုဘာ ၂၉၊ လန်ဒန်။                     ။ ပွဲကြီးကြပ်နေစဉ်အတွင်း ဖိအားအလွန်အမင်းများတတ်ခြင်းက ကျန်းမာရေးကို ထိခိုက်စေမည်စိုးရိမ်သဖြင့် နှလုံးခုန်နှုန်းစောင့်ကြည့် ကိရိယာတပ်ဆင်ရန် ချယ်လ်ဆီးနည်းပြကွန်တီက စဉ်းစားနေသည်။

ကွန်တီသည် အသင်း၏ပွဲတိုင်းတွင် အလွန်အမင်းစိတ်လှုပ်တက်ကြွနေလေ့ရှိသူဖြစ်ပြီး ယင်းကြောင့် နှလုံးကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်နေရကြောင်း ဝန်ခံခဲ့သည်။

“ကျွန်တော်အဲဒါကို စိုးရိမ်ပါတယ်။ အန္တရာယ်များတာကိုလည်း သိတယ်။ ဒါကြောင့်ပဲ ပြေးဖို့နဲ့ ကြံ့ခိုင်မှုကောင်းအောင်ထိန်းသိမ်းဖို့ ကျိုးစားနေတာပါ။ ပြီးတော့   နှလုံးခုန်နှုန်းကိုစောင့်ကြည့်တဲ့ ကိရိယာ ဝတ်ဆင်ဖို့လည်း ရှိနေပါတယ်။

အစားအသောက်ကိုလည်း တော်တော်ဂရုစိုက်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားပြီး တစ်ခါတရံသိပ်မပင်ပန်းတဲ့အခါ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဖို့ အချိန်ရပါတယ်။ နာရီဝက်၊ မိနစ် ၄၀   လောက်ပြေးပြီး ပြေးနှုန်းကိုလည်း အပြောင်းအလဲ လုပ်ပါတယ်”ဟု အသက် ၄၇ နှစ်အရွယ် ကွန်တီက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly