အောက်တိုဘာ ၂၇ ရက် မနက်အစောပိုင်းက လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ မန်ယူက မန်စီးတီးကို အနိုင်ရရှိပြီးနောက် ကွာတားဖိုင်နယ်မှာ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။
မန်ယူက မာတာရဲ့ ဒုတိယပိုင်း သွင်းဂိုးနဲ့ မန်စီးတီးကို တစ်ဂိုးဂိုးမရှိနဲ့နိုင်ခဲ့သလို ဝက်စ်ဟမ်းက ချယ်လ်ဆီးကို နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
တခြားလိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များမှာတော့ ဟူးလ်စီးတီးက နယူးကာဆယ်ကို အိမ်ကွင်း၊ လီဗာပူးလ်က လိဂ်ယူနိုက်တက်နဲ့ ရင်ဆိုင်ရသလို ဆောက်သမ်တန်က အာဆင်နယ်နဲ့ ကစားရမှာဖြစ်ပါတယ်။
ကွာတားဖိုင်နယ်ပွဲစဉ်တွေကို နိုဝင်ဘာလ ၂၉ နဲ့ ၂၀ ရက်နေ့မှာ ကစားသွားကြမှာပါ။
လိဂ်ဖလား ကွာတားဖိုင်နယ် မဲခွဲရလဒ်
လီဗာပူးလ် vs လိစ်ယူနိုက်တက်
မန်ယူ vs ဝက်စ်ဟမ်း
ဟူးလ်စီးတီး vs နယူးကာဆယ်
အာဆင်နယ် vs ဆောက်သမ်တန်