ဆိုးလ် ၊ အောက်တိုဘာ ၂၆ ။ ။ တောင်ကိုရီးယား ရက်ပါ Gary သည် SBS ရုပ်သံ၏ အောင်မြင်မှုရရှိထားသော “Running Man” အစီစဉ်မှ နှုတ်ထွက်တော့မည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တေးဂီတအပေါ် အာရုံစိုက်လုပ်ဆောင်လိုခြင်းကြောင့် “Running Man” အစီစဉ် မှ နှုတ်ထွက်လိုခြင်း ဖြစ်ကြောင်း Gary က ပြောကြားခဲ့သည်။ ” Gary ဟာ တေးဂီတလေ့လာမှုကို အာရုံစိုက် လုပ်ချင်တယ်လို့ ပြောပါတယ်။ သူက တေးဂီတဘက်မှာ အချိန်တွေ အများကြီးပေးချင်တယ်။ ဒါကြောင့် အစီစဉ်ကနေ နှုတ်ထွက်တော့မယ်လို့ ပြောပါတယ်”ဟု ထုတ်လုပ်သူက ပြောကြားသည်။
“Running Man” ထုတ်လုပ်သူများက တေးဂီတပညာရှင် တစ်ယောက်အဖြစ် ၎င်းရဲ့အဓိက အနုပညာနယ်ပယ်ကို ဆက်လက်လုပ်ဆောင်သွားမည့် Gray၏ ဆုံးဖြတ်ချက်ကို လေးစားသည့် အနေဖြင့် နှုတ်ထွက်မှုကို ခွင့်ပြုပေးဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
Gary နှင့် နောက်ဆုံး အသံသွင်းမှုကို အောက်တိုဘာ ၃၁ရက်တွင် ပြုလုပ်သွားမည် ဖြစ်ပြီး နိုဝင်ဘာလတွင် Gary မပါရှိဘဲ “Running Man” အစီစဉ် ရိုက်ကူးမှုကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။