Asian World ရုပ်ရှင်ပွဲတော်တွင် ကိုရီးယားရုပ်ရှင်ကား ငါးကား ပြသသွားမည်

Asian World ရုပ်ရှင်ပွဲတော်တွင် ကိုရီးယားရုပ်ရှင်ကား ငါးကား ပြသသွားမည်

ဆိုးလ် ၊ အောက်တိုဘာ ၂၅ ။             ။ ဒုတိယအကြိမ်မြောက် Asian World ရုပ်ရှင်ပွဲတော်တွင်  ကိုရီးယားရုပ်ရှင် ငါးကားကို ပြသသွားမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လော့စ်အိန်ဂျလိစ်တွင် အခြေစိုက် ကျင်းပပြုလုပ်သော အဆိုပါ ရုပ်ရှင်ပွဲတော်ကို အောက်တိုဘာ ၂၄ရက်က  ပထမကမ္ဘာစစ်အတွင်း အဇာဘိုင်ဂျန်တွင် ဖြစ်ပွားခဲ့သော အကြောင်းအရာများကို ရိုက်ကူးထားသော ဗြိတိန်ရုပ်ရှင်ရိုက်ကူးသူ အဆစ်ဖ်ကာပါဒီအာ၏”Ali and Nino” ရုပ်ရှင်ကားဖြင့် ဖွင့်လှစ်ခဲ့သည်။

“The Age of Shadows” ၊ “Asura” ၊ “The Map Against the World” ၊ “The World of Us” နှင့် “Operation Chromite” ရုပ်ရှင်ကားငါးကားကိုလည်း ယခု သတင်းပတ်တွင် ရုပ်ရှင်ပွဲတော်၌   ပြသသွားမည်ဖြစ်သည်။

ယခုနှစ် ရုပ်ရှင်ပွဲတော်ကို ကိုရီးယားစစ်ပွဲ အကြောင်းရိုက်ကူးထားသော “Operation Chromite” ဒရမ်မာ ရုပ်ရှင်ကားဖြင့်  နိုဝင်ဘာ၁ရက်တွင် ပြသကာ ပိတ်သိမ်းသွားမည်ဖြစ်ပြီး ကိုရီးယားရုပ်ရှင် ထုတ်လုပ်သူ  Park Keon-seop ကို ပွဲတော်နောက်ဆုံးညတွင်  Cinematic Legacy Achievement Award ဆုဖြင့် ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်သည်။

လော့စ်အိန်ဂျလိစ်တွင် အာရှရုပ်ရှင်ကားများကို မိတ်ဆက်ရန် ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သည့်နှစ်က  Asian World ရုပ်ရှင်ပွဲတော်ကို စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly