တူရကီတွင် ရဲကားဖြတ်သန်းချိန် ကားဗုံးဖောက်ခွဲ၍ ဆယ်ဦး ဒဏ်ရာရ

တူရကီတွင် ရဲကားဖြတ်သန်းချိန် ကားဗုံးဖောက်ခွဲ၍ ဆယ်ဦး ဒဏ်ရာရ

ရီယာဒ်၊ အောက်တိုဘာ ၂၃ ။       ။ တူရကီနိုင်ငံအရှေ့ပိုင်း ဘင်ဂေါပြည်နယ်တွင် အောက်တိုဘာ ၂၃ ရက်က ဖြတ်သန်းသွားသည့် ရဲကားအနီး ကားဗုံးတစ်လုံးပေါက်ကွဲ၍ ရဲအရာရှိတစ်ဦး သေဆုံးပြီး အခြားသူ ဆယ်ဦးဒဏ်ရာရကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက ပြောသည်။

တရားမဝင်အသင်းအဖြစ် ကြေညာခံထားရသည့် ကာဒစ်စတန်အလုပ်သမားပါတီ PKK မှ စစ်သွေးကြွများက ခရိုင်အုပ်ချုပ်ရေးမှူးရုံးနားတွင် စီစဉ်ဖောက်ခွဲခြင်းဖြစ်ကြောင်း ယင်းသတင်းရင်းမြစ်များက ဆိုသည်။

ဒဏ်ရာရသူများတွင် ရဲခြောက်ဦးပါဝင်ကြောင်း သိရသည်။

တူရကီတွင် အစိုးရနှင့် PKK တို့၏ နှစ်နှစ်ခွဲကြာ အပစ်ရပ်ရေး ပျက်ပြားသွားချိန်မှစကာ ကာဒ်များ အများစုနေထိုင်ရာ အရှေ့တောင်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိနေသည်။

ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ လိုလားနေသည့် PKK များကို တူရကီ၊ အမေရိကန်နှင့် ဥရောပတို့က အစွန်းရောက်အဖွဲ့အစည်းတစ်ရပ်အဖြစ် သတ်မှတ်ထားသည်။ ကုန်လွန်ခဲ့သည့် ဆယ်စုနှစ်သုံးနှစ်တွင် PKK တို့၏ ပထမဆုံးလက်နက်စွဲကိုင်ပြီး အစိုးရအား ဆန့်ကျင်ချိန်မှစကာ ကာ့ဒ်အများစုဖြစ်သည့် ပြည်သူပေါင်း လေးသောင်းကျော်ထက်မနည်း သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly