ထိုင်းနိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး လျော့ကျမှု၊ အစိုးရအသုံးစရိတ် နှေးကွေးမှုနှင့် ပြည်တွင်း ဝယ်ယူမှု ကျဆင်းသွားခြင်း တို့ကြောင်း နိုင်ငံ၏ သတင်းအချက်အလက်နည်းပညာ အသုံးစရိတ်ကို ၁၃ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ယခင်သတ်မှတ်ထားရာမှ ၃ ဒသမ ၈ ရာခိုင်နှုန်းသို့ လျှော့ချသွားမည်ဖြစ်သည်။
သုတေသနကုမ္ပဏီတစ်ခုဖြစ်သည့် IDC Thailand မှ လေ့လာသုံးသပ်သူ ဆီတန်ပွန်ဆူဝမ်ဆူပါက နိုင်ငံအတွင်း အိုင်တီကဏ္ဍအတွက် အသုံးစရိတ်သည် ယခုနှစ်အတွင်း ၁ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည့် ဘတ် ၁၇၇ ဘီလျံသို့ လျော့ကျသွားနိုင်ကြောင်း ပြောကြားသည်။ ယမန်နှစ်က သုံးစွဲမှုသည် ဘတ် ၁၈၀ ဘီလျံဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် သုံးစွဲမည့်စရိတ်သည် ဘတ် ၁၇၅ ဘီလျံသို့ ၁ ဒသမ ၃ ရာခိုင်နှုန်း လျော့ကျသွားနိုင်ကြောင်း ခန့်မှန်းထားသည်။
မိုဘိုင်းဖုန်း၊ ကွန်ပြူတာနှင့် တက်ဘလက်များအပါအဝင် အိုင်တီကဏ္ဍအတွက် သုံးစွဲမှုများတွင် စမတ်ဖုန်း ဝယ်ယူမှုများ အဓိကအဖြစ် ပါဝင်နေသည်။ ယခုနှစ်အတွင်း စမိတ်ဖုန်းရောင်းချရမှု အရေအတွက် ၂၉ ရာခိုင်နှုန်း တိုးမြင့်ပြီး အလုံးရေ သန်း ၂၀ အထိ ရောက်ရှိကာ နိုင်ငံသားဦးရေ ထက်ဝက်အထိ ကိုင်ဆောင်လာဖွယ်ရှိကြောင်း သိရသည်