ပွဲချိန်အတွင်း ရန်သူဖြစ်သွားမည်ဟု မော်ရင်ဟိုကို ကွန်တီ သတိပေး

ပွဲချိန်အတွင်း ရန်သူဖြစ်သွားမည်ဟု မော်ရင်ဟိုကို ကွန်တီ သတိပေး

အောက်တိုဘာ ၂၂၊ လန်ဒန်။                  ။ တနင်္ဂနွေနေ့တွင် စတမ်းဖို့ဒ်ဘရစ်ချ်သို့ မန်ချက်စတာယူနိုက်တက်အသင်းနှင့် ပြန်ရောက်လာသည့်အခါ ပွဲကစားချိန်အတွင်း ရန်သူတစ်ယောက်   ဖြစ်နေကြောင်းကို မော်ရင်ဟိုကို ချယ်ဆီးနည်းပြကွန်တီက သိစေချင်နေသည်။

မော်ရင်ဟို၏ စွမ်းဆောင်ခဲ့မှုများအတွက် ချယ်လ်ဆီး ပရိသတ်များက လေးစားမှုပြသမည်ဟု ကွန်တီက မျှော်လင့်ထားသော်လည်း မိမိနောက်တွင်လည်း ပရိသတ်များ၏ အားပေးထောက်ခံမှုကို လိုအပ်ကြောင်း ဆိုသည်။

ထို့ပြင် အီတလီနည်းပြဟောင်းက ၎င်းအနေဖြင့် အမှတ် တစ်မှတ်ရရန် မော်ရင်ဟို လုပ်လေ့ရှိသည်ဟု စွပ်စွဲခံရသော ဘတ်စ်ကားကွက် (စုပြုံပိတ်ဆို့ကစားခြင်း) ကို မည်သည့် အခါတွင်မှ အသုံးပြုမည် မဟုတ်ဟု ကတိပေးခဲ့သည်။

“ဖလားသုံးလုံး ယူပေးထားတဲ့သူကို ပရိသတ်တွေက ရင်ထဲမှာ အမှတ်ရနေကြမှာပါ။ သူက ချယ်လ်ဆီးနဲ့ အသင်းသမိုင်းမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့သူပါ။

ကောင်းကောင်းမွန်မွန် ကြိုဆိုခံရဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ပွဲအစခရာ မှုတ်လိုက်ချိန်မှာတော့ မန်ယူကစားသမားတွေလိုပဲ သူဟာ ရန်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

ကျွန်တော်တို့က ခက်ခဲတောင့်တင်းတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရတာပါ။ မော်ရင်ဟိုနဲ့ မဟုတ်ပါဘူး။ ကွင်းထဲမှာ အာရုံစိုက်ထားဖို့၊ မန်ယူကို ရန်သူလို ပြိုင်ဘက်လိုမြင်ဖို့ အရေးကြီးပါတယ်”ဟု ကွန်တီက ပြောသည်။

ဆက်လက်၍ ကွန်တီက “ပွဲတစ်ပွဲကို အနိုင်ကစားမယ်ဆိုတဲ့ စိတ်နဲ့ပဲ စတင်ရမယ်။ သရေတစ်မှတ်ရယူဖို့ မဟုတ်ဘူး။ အဲဒါကို ကျွန်တော်မကြိုက်ဘူး။ အဲဒါက ဘောလုံးလည်း မဟုတ်ဘူး”ဟု ဆိုသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly