လွတ်လပ်ရေးတောင်းဆိုမှုများ အရှိန်ရလာသည်နှင့်အမျှ တရုတ်နှင့် ထိုင်ဝမ်အကြား ဆက်ဆံရေးပိုင်း ပိုမိုဆိုးရွားလာ

လွတ်လပ်ရေးတောင်းဆိုမှုများ အရှိန်ရလာသည်နှင့်အမျှ တရုတ်နှင့် ထိုင်ဝမ်အကြား ဆက်ဆံရေးပိုင်း ပိုမိုဆိုးရွားလာ

ထိုင်ဝမ်တွင် သမ္မတ ဆိုင်အင်ဝမ်အစိုးရ တက်လာပြီးနောက် ခြောက်လကြာကာလတစ်ခုသို့ ရောက်လာခဲ့ပြီဖြစ်ရာ ယခုအချိန်ထိ တရုတ်နှင့်အကြား ဆက်ဆံရေးပိုင်းတွင် ဆက်လက်အေးခဲနေဆဲပင်ဖြစ်သည်။

ထိုင်ဝမ်အစိုးရအနေဖြင့် တရုတ်ဆီမှ ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းခံနိုင်ရန်လည်း ကြိုးပမ်းလာမှုများရှိနေချိန်တွင် ယခုကဲ့သို့ တရုတ်ပြည်မကြီးနှင့် ဆက်ဆံရေးပိုင်း ပိုမိုဆိုးရွားလာနေခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၀ ရက်က ထိုင်ဝမ်၏ ၁၀၅ ကြိမ်မြောက်အမျိုးသားနေ့အခမ်းအနား မိန့်ခွန်းပြောကြားရာတွင် ဆိုင်အင်ဝမ်က လက်ရှိ ၁၉၉၂ ဘုံသဘောတူညီမှုကို ဖီဆန်ရင်းဖြင့် ဒီမိုကရက်တစ်တိုးတက်ရေးပါတီက ကာလကြာရပ်တည်သွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

သို့သော် နှစ်ဘက်အကြား စီးပွားရေးချိတ်ဆက်ဆက်ဆံမှုလမ်းကြောင်း တိုးတက်စေနိုင်မည့် အလားအလာများနှင့်ပတ်သက်၍ ခွင့်ပြုလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly