လာလီဂါအိမ်ကွင်း ဂိုးသွင်း အများဆုံး စံချိန် တင်လိုက်ပြန်သည့် မက်ဆီ

လာလီဂါအိမ်ကွင်း ဂိုးသွင်း အများဆုံး စံချိန် တင်လိုက်ပြန်သည့် မက်ဆီ

အောက်တိုဘာ ၁၇၊ စပိန် ။           ။ ဘာစီလိုနာအသင်းက ဒီပို့တီဗိုအသင်းကို ၄ ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် တစ်ဂိုးသွင်း ယူနိုင်ခဲ့ခြင်းကြောင့် မက်ဆီသည် လာလီဂါတွင် အိမ်ကွင်းသွင်းဂိုး အများဆုံး ကစားသမားအဖြစ် မှတ်တမ်းသစ် စိုက်ထူလိုက်ပြန်ပြီ ဖြစ်သည်။

ဒဏ်ရာကြောင့် အနားယူနေရသည့် မက်ဆီသည် ယခုပွဲတွင် ပြန်လည် ပါဝင်လာပြီး ခြေစွမ်းပြကာ သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့သည်။ ထိုဂိုးမှာ မက်ဆီ၏ ဂိုး ၁၈၀ မြောက် လာလီဂါအိမ်ကွင်း သွင်းဂိုးဖြစ်သည်။

ယခင်က လာလီဂါတွင် အိမ်ကွင်းသွင်းဂိုး အများဆုံး သွင်းယူထားသည့် ကစားသမားမှာ ဘီလ်ဘာအို တိုက်စစ်မှူးဟောင်းကြီး တယ်မိုဇာရာဖြစ်သည်။ ၁၇၉ ဂိုးဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေသည့် ဇာရာ၏ စံချိန်ကို မက်ဆီက ချိုးဖျက်လိုက်ခြင်းဖြစ်သည်။ မက်ဆီသည် လာလီဂါ၏ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးလည်း ဖြစ်သည်။

လာလီဂါ အိမ်ကွင်းသွင်းဂိုး အများဆုံး ကစားသမားစာရင်းတွင် မက်ဆီ(၁၈၀ ဂိုး)၊ တယ်မိုဇာရာ(၁၇၉ ဂိုး)၊ ဒီစတီဖာနို(၁၅၁ ဂိုး)၊ ကွီနီ(၁၅၁ ဂိုး)၊ စီရော်နယ်ဒို(၁၅၀ ဂိုး) တို့ဖြင့် အစဉ်လိုက် ရပ်တည်နေကြသည်။

မက်ဆီသည် ယခုနှစ် ရာသီတွင် ပွဲစဉ် ၈ ပွဲကစားပြီး ၉ ဂိုးသွင်း ယူထားသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly