ဆိုးလ် ၊ အောက်တိုဘာ ၁၅ ။ ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTOBသည် တေးအယ်လ်ဘမ်သစ်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း အဖွဲ့၏ အေဂျင်စီက ပြောကြားသည်။
BTOB အဖွဲ့သည် တေးအယ်လ်ဘမ်သစ် ထုတ်လုပ်မှု နောက်ဆုံး အဆင့်များကို လုပ်ဆောင်နေကြောင်း နှင့် ယခုနှစ် မကုန်ခင် တေးအယ်လ်ဘမ်သစ် ထွက်ရှိနိုင်ရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
BTOB အဖွဲ့သည် မတ်လက မီနီတေးအယ်လ်ဘမ် “Remember That” ထွက်ရှိပြီးသည့် အချိန်မှစ၍ ယင်း တေးအယ်လ်ဘမ်သစ်သည် အဖွဲ့လိုက် ပါဝင်သည့် အဖွဲ့၏ ထပမဆုံး တေးအယ်လ်ဘမ် ဖြစ်လာမည်ဖြစ်သည်။
၂၀၁၄ ခုနှစ်က “You’re So Fly” တေးသီချင်း ထွက်ရှိပြီးနောက် နှစ်နှစ်နှင့် နှစ်လ အကြာတွင် ထွက်ရှိမည့် BTOB အဖွဲ့၏ ခေါင်းစီတေး သီချင်းသစ်သည် အကတေး သီချင်းဖြစ်လာနိုင်ဖွယ် ရှိသည်။
ယခုနှစ် စက်တင်ဘာလ အစောပိုင်းက တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTOB-BLUE သည် “Stand By Me”ဟုအမည်ပေးထားသော အချစ်သီချင်းကို ဖြန့်ချိခဲ့သည်။