ထရန့်ကို ဖယ်ရှားရန် ရီပတ်ဘရီကန်များအား အိုဘားမား တိုက်တွန်း

ထရန့်ကို ဖယ်ရှားရန် ရီပတ်ဘရီကန်များအား အိုဘားမား တိုက်တွန်း

နယူးယောက်၊ အောက်တိုဘာ ၁၂ ။              ။ ရီပတ်ဘရီကန် အမတ်များအနေဖြင့် ဒေါ်နယ်ထရန့်အား သမ္မတလောင်းအဖြစ် ထောက်ခံထားခြင်းအား တရားဝင်ရုပ်သိမ်းရန် သမ္မတအိုဘားမားက တိုက်တွန်းပြောဆိုသည်။

အိမ်ဖြူတော်အတွက် ထောက်ခံပေးထားဆဲဖြစ်သော်လည်း ထရန့်၏ အငြင်းပွားဖွယ် ပြောဆိုမှုများကို တရားဝင်ရှုတ်ချခြင်း မရှိကြကြောင်း ဒီမိုကရက်တစ်မှ ပြိုင်ဖက်ဖြစ်သည့် ဟီလာရီကလင်တန်အား   ထောက်ခံသည့် ပွဲတွင် အိုဘားမားက ပြောခဲ့ခြင်းဖြစ်သည်။

ထရန့်၏ အမျိုးသမီးများအပေါ် ပြောမှားဆိုမှားရှိခဲ့သည့် ဗီဒီယို ထွက်ပေါ်ပြီးနောက်ပိုင်း ရီပတ်ဘရီကန်ပါတီထိပ်တန်းအဖွဲ့ဝင် အများစုက ထရန့်နှင့် ကင်းကွာလာခဲ့သည်။

၎င်းတို့အား ထရန့်က သစ္စာဖောက်များအဖြစ် ပြန်လည်စွပ်စွဲသည်။

အထူးသဖြင့် လွှတ်တော်အမတ် ပေါလ်ရိုင်ယန်အား ပျော့ညံ့ကာ အလုပ်မဖြစ်သည့် အကြီးအကဲအဖြစ် ထရန့်က ပစ်ပစ်ခါခါ ဝေဖန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags