ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့သည့် ဟေတီသို့ ကာလဝမ်းရောဂါကာကွယ်ဆေး တစ်သန်း ပေးပို့

ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့သည့် ဟေတီသို့ ကာလဝမ်းရောဂါကာကွယ်ဆေး တစ်သန်း ပေးပို့

အောက်တိုဘာ ၁၁ ။              ။ ဟာရီကိန်းမုန်တိုင်း မက်သရူး တိုက်ခတ်သွားခဲ့ပြီးနောက် ကာလဝမ်းရောဂါ ဖြစ်ပွားမှုများ ရှိနေသည့် ဟေတီနိုင်ငံသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဝမ်းရောဂါကာကွယ်ဆေး တစ်သန်း ပေးပို့ပေးထားသည်ဟု သိရသည်။

" မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် ခုချိန်မှာအရေးကြီးဆုံးကတော့ သူတို့အတွက် သန့်ရှင်းတဲ့ သောက်သုံးရေ ရနိုင်ဖို့ဖြစ်ပါတယ်၊ ဒီဟာက ဝမ်းရောဂါကို ထိန်းချုပ်နိုင်မယ့်တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်ပါတယ်" ဟု WHO ၏ ဝမ်းရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါမနစ်လက်ဂရို့စ်က ပြောသွားသည်။

ယခုအခါ ဟေတီနိုင်ငံရှိ Grand'Anse ဌာနတွင် ကာလဝမ်းရောဂါဖြစ်ပွားမှုဖြစ်စဉ် ၁၅၀ တွေ့ရှိထားသကဲ့သို့ တောင်ပိုင်းဌာနတွင်လည်း ဖြစ်စဉ် ၅၀ အထိ ဖြစ်ပွားထားခဲကြောင်း ၎င်းက ပြောသည်။ " ဒီနှုန်းက ပုံမှန်တော့ မဟုတ်ပါဘူး၊ ဒါဟာ ပုံမှန်ထက် ပိုများနေပါတယ်" ဟုလည်း ၎င်းက ပြောသွားသည်.

ယင်းနိုင်ငံတွင် ကာကွယ်ဆေးကို ပြည်သူအများအပြား ပိုမိုရရှိအသုံးပြုနိုင်ရန်အတွက် ထိရောက်စွာအသုံးပြုသွားရန် လုပ်ဆောင်ထားကြောင်းလည်း WHO က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags