စစ်ရာဇဝတ်မှုများဖြင့် ရုရှကို တရားစွဲဆိုရေး ပြင်သစ် တောင်းဆို

စစ်ရာဇဝတ်မှုများဖြင့် ရုရှကို တရားစွဲဆိုရေး ပြင်သစ် တောင်းဆို

အောက်တိုဘာ ၁၁ ။                   ။ ဆီးရီးယားမြို့ Aleppo ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ရုရှအစိုးရကို စစ်ရာဇဝတ်မှုစွဲချက်တင်ကာ တရားစွဲဆိုသွားရန် ပြင်သစ် သမ္မတ ဖရန်ဆွာအော်လန်းက  တောင်းဆိုပြောကြားလိုက်သည်။

အထက်ပါ ပြစ်မှုများဖြင့် ရုရှအနေဖြင့် နိုင်ငံတကာရာဇဝတ်တရားရုံး ICC တွင် အမှုရင်ဆိုင်ရနိုင်ကြောင်း ၎င်းက ပြင်သစ်ရုပ်သံတစ်ခုတွင် ပြောကြားသွားသည်။

အလားတူ လာမည့်သီတင်းပတ်အတွင်း နိုင်ငံသို့ လာရောက်လည်ပတ်ရန်ရှိနေသော ရုရှသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံရန်ကိုလည်း ၎င်းဘက်က   ငြင်းဆန်သွားကောင်းသွားနိုင်သည်ဟု   ပြင်သစ်သမ္မတက ပြောကြားသွားသည်။

ပြီးခဲ့သည့်သီတင်းပတ်က ဆီးရီးယားတွင် ဗုံးကြဲတိုက်ခိုက်မှုများ ရပ်ဆိုင်းရေး အဆိုပြုချက်ကို ကုလ လုံခြုံရေးကောင်စီသို့ ပြင်သစ်-စပိန်တို့ တင်သွင်းခဲ့သော်လည်း ရုရှက ယင်းအဆိုကို ဗီတိုအာဏာသုံးကာ ပယ်ချသွားခဲ့သည်။

မော်စကိုအစိုးရကမူ ဆီးရီးယားရှိ အရပ်သားများအား တိုက်ခိုက်နေခြင်းမရှိကြောင်း ထပ်တလဲလဲ ငြင်းဆန်ထားပြီး ၎င်းတို့၏ ပစ်မှတ်မှာ ယင်းနိုင်ငံရှိ အကြမ်းဖက်အုပ်စုများဖြစ်ကြောင်း   ပြောကြားထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly