“The Girl on the Train” ဇာတ်ကား အဖွင့်ပြသစဉ် အမေရိကန်ဒေါ်လာ ၂၄ဒသမရ သန်းဖြင့် ရုံတင်ပြသငွေ ဇယားထိပ်ဆုံးတွင် ရပ်တည်

“The Girl on the Train” ဇာတ်ကား အဖွင့်ပြသစဉ် အမေရိကန်ဒေါ်လာ ၂၄ဒသမရ သန်းဖြင့် ရုံတင်ပြသငွေ ဇယားထိပ်ဆုံးတွင် ရပ်တည်

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၁၀ ။                 ။ “The Girl on the Train” ဇာတ်ကားသည် အဖွင့်ပြသစဉ် အမေရိကန်ဒေါ်လာ ၂၄ဒသမ၇သန်းဖြင့် မြောက်အမေရိက ရုံတင်ပြသငွေဇယားတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း အောက်တိုဘာ ၉ရက် စတူဒီယို ခန့်မှန်းချက်များတွင် ဖော်ပြထားသည်။

စိတ်ပိုင်းဆိုင်ရာ သည်းထိတ်ရင်ဖို ဇာတ်ကား “The Girl on the Train”တွင် မင်းသမီး အမ်မလီဘလန့် ပါဝင် သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားသည် ပဟေဠိဆန်ဆန် ပျောက်ဆုံးမှုတွင် ပါဝင်ပတ်သက်နေသော အရက်စွဲနေသည့် အမျိုးသမီး တစ်ဦးအကြောင်းကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ တေ့ထ်တေလာက ရိုက်ကူးထားသည်။

“The Girl on the Train” ဇာတ်ကားသည် ပြီးခဲ့သည့်နှစ်က ဖြန့်ချိခဲ့သော  ဟောကင်း၏ အရောင်းရဆုံး ဝတ္တူကို အခြေခံ ရိုက်ကူးထားခြင်းဖြစ်ပြီး ရိုက်ကူးရာတွင် အမေရိကန်ဒေါ်လာ ၄၅သန်း ကုန်ကျခဲ့သည်။

“ Miss Peregrine’s Home for Peculiar Children” ဇာတ်ကားသည် အမေရိကန်ဒေါ်လာ ၁၅သန်း ဝင်ငွေရရှိကာ နံပါတ် ၂ နေရာတွင် ရပ်တည်နေပြီး “Deepwater Horizon” ဇာတ်ကားသည် အမေရိကန်ဒေါ်လာ ၁၁ဒသမ၈သန်း ရရှိကာ နံပါတ် ၃နေရာတွင် ရပ်တည်နေသည်။

“Magnificent Seven” ဇာတ်ကားသည် အမေရိကန်ဒေါ်လာ ၉ဒသမ၂ သန်းရရှိကာ နံပါတ် ၄ နေရာတွင် ရပ်တည်နေပြီး Storks ဇာတ်ကားသည် အမေရိကန်ဒေါ်လာ ၈ဒသမ၅ သန်းရရှိကာ နံပါတ် ၅နေရာတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly