ယခုလတွင် တေးသီချင်းအယ်လ်ဘမ်သစ်နဲ့ အတူ ပြန်လာမယ့် TWICE အဖွဲ့

ယခုလတွင် တေးသီချင်းအယ်လ်ဘမ်သစ်နဲ့ အတူ ပြန်လာမယ့် TWICE အဖွဲ့

ဆိုးလ် ၊ အောက်တိုဘာ ၇ ။          ။ တောင်ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့  TWICE သည် အောက်တိုဘာ ၂၄ရက်တွင် တေးသီချင်းအယ်လ်ဘမ်သစ်နှင့်အတူ ဂီတလောကသို့ ပြန်လာမည်ဖြစ်ကြောင်း  JYP အင်တာတိန်းမန့်က  အတည်ပြုပြောကြားခဲ့သည်။

TWICE အဖွဲ့သည် ယခုနှစ် ဧပြီလက “Page Two” မီနီတေးအယ်လ်ဘမ် ထွက်ရှိပြီးနောက် ခြောက်လအကြာတွင် တေးသီချင်းအယ်လ်ဘမ်သစ် ထွက်ရှိမည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ ”Page Two” မီနီတေးအယ်လ်ဘမ်သည် အချပ်ရေ ၁၅၀ ၀၀၀ စံချိန်တင်ရောင်းချခဲ့ရကာ TWICE အဖွဲ့သည် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပွဲဦးထွက် ထွက်ပေါ်ခဲ့သည့် မိန်းကလေးအဖွဲ့အားလုံးထဲတွင်   ရောင်းအားအကောင်းဆုံး ပထမဆုံးအမျိုးသမီးအဖွဲ့ ဖြစ်လာခဲ့သည်။

TWICE အဖွဲ့၏ “Cheer Up” တေးသီချင်းသည်  Melon တွင်  နံပါတ်တစ်နေရာမှ ၂၄ရက် ဆက်တိုက်ရပ်တည်ခဲ့ပြီး ထိပ်တန်း ဆယ်နေရာတွင် သီတင်းပတ် ၁၆ပတ်ကြာ ရပ်တည်ခဲ့သည်။ အဖွဲ့၏ တေးဂီတဗီဒီယိုများ ကြည့်ရှုမှုအရေအတွက်ကို ကောက်ယူခဲ့ရာ  “Like Ooh-Ahh” နှင့် “ Cheer Up” တေးသီချင်းတို့သည် ကြည့်ရှုသူ ၉၂ဒသမ၅ သန်း နှင့် ၈၆ဒသမ၅သန်း အသီးသီးရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags