ရဲလက်ကလွတ်အောင် ဒဏ်ရာရချင်ယောင်ဆောင်ခဲ့ပုံရတဲ့ ဗလင်စီယာ

ရဲလက်ကလွတ်အောင် ဒဏ်ရာရချင်ယောင်ဆောင်ခဲ့ပုံရတဲ့ ဗလင်စီယာ

အောက်တိုဘာ ၇၊ အီကွေဒေါ။        ။ ကလေးစရိတ်မပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာတက်နေသူ အန်နာဗလင်စီယာဟာ ဒဏ်ရာရချင်ယောင်ဆောင်ပြီး ရဲလက်က လွတ်ဖို့ကြိုးစားခဲ့ပုံရတယ်လို့ မယ်ရာသတင်းစာက ဖော်ပြခဲ့ပါတယ်။

ကြာသပတေးနေ့မှာ အီကွေဒေါက ချီလီကို ၃-၀ ဂိုးနဲ့နိုင်တဲ့ပွဲမှာ အဲဗာတန်အငှားကစားသမားဟာ ရဲအရာရှိတွေရဲ့ လိုက်ဖမ်းတာ ကို ခံခဲ့ရတာပါ။

ဝက်စ်ဟမ်းကနေ အဲဗာတန်အသင်းကိုအငှားသွားကစားနေတဲ့ ဗလင်စီယာဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အမိမြေကို ပြန်ရောက်နေတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့လေ့ကျင့်ခန်းအစီအစဉ်အပြီးမှာ ရဲတွေ၊ ရှေ့နေတွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။

သူဟာ ငါးနှစ်အရွယ်သမီးငယ်အတွက် ကလေးစရိတ် ပေါင် ၁၃, ၃၅၀ မပေးဘူးလို့ ကလေးမိခင်ရဲ့ တရားစွဲဆိုခြင်းခံထားရလို့ တရားရင်ဆိုင်ရဖို့ ရှိနေတာပါ။

ဒါပေမဲ့ဗလင်စီယာဟာ ချီလီနဲ့ကစားတဲ့ပွဲပြီးခါနီးမှာ ကွင်းထဲမှာသူ့အလိုလိုလဲကျခဲ့ပြီး အောက်စီဂျင်ပိုက်တပ်ကာ ထမ်းစင်နဲ့ထွက်ခဲ့ရတဲ့အပြင် ဆေးရုံကားရှိရာကို ဂေါ့ဖ်ကတ်နဲ့ သယ်ဆောင်သွားခံခဲ့ရပါတယ်။

ဘောလုံးကွင်းပတ်လမ်းမှာ အဲဒီလိုပုံစံနဲ့သွားနေတဲ့ ဗလင်စီယာနောက်ကို ရဲတွေက ပြေးလိုက်ခဲ့တာကြောင့် ရုတ်ရုတ်သဲသဲဖြစ် ခဲ့ရပါတယ်။ သူ့ရဲ့ရှေ့နေကတော့ သတ်မှတ်ချိန်အတွင်း ကလေးစရိတ်ပေးဖို့ သဘောတူခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags