ကိုလံဘီယာ သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီမှုအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲက ပယ်ချ

ကိုလံဘီယာ သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီမှုအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲက ပယ်ချ

ဘိုဂိုတာ၊ အောက်တိုဘာ ၃ ။                  ။ ကိုလံဘီယာတွင် ဖားစ်သူပုန်များနှင့် သမိုင်းတွင် ငြိမ်းချမ်းရေး သဘောတူညီမှုအပေါ် ပြည်လုံးကျွတ် ဆန္ဒခံယူရာတွင် ကန့်ကွက်မဲ ၅၀ ဒဿမ ၂၄ ရာခိုင်နှုန်းဖြင့် မဲဆန္ဒရှင်များက ပယ်ချလိုက်သည်။

လေးနှစ်နီးပါး စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်က သမ္မတ ဂျုအန်မန်နျူရယ်နှင့် ဖားစ်ခေါင်းဆောင် တီမိုလီယွန်တို့ကြား ငြိမ်းချမ်းရေး သဘောတူညီမှုအား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီမှု အသက်ဝင်ရန် ပြည်သူများ၏ အတည်ပြုရန် လိုအပ်သည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၏ မဲရလဒ်ကို လက်ခံကြောင်း၊ သို့သော် ငြိမ်းချမ်းရေး လှမ်းယူနိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည်သာဖြစ်ကြောင်း သမ္မတ ဆန်တို့စ်က နိုင်ငံသို့ မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောသွားသည်။

လက်ရှိ အပစ်ရပ်ရေးက ကျန်ရှိနေသေးကြောင်း၊ ထို့အတွက် ဖားစ်ခေါင်းဆောင်များနှင့် နောက်ထပ် လုပ်ငန်းစဉ်များအတွက် တိုင်ပင်ဆွေးနွေးရန် ကျုဘားသို့ စေ့စပ် ညှိနှိုင်းသူများအား စေလွှတ်ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒါကို မပျက်ခံမှာ မဟုတ်ပါ။ ကျွန်တော်မှာ နောက်ဆုံးလုပ်ပိုင်ခွင့်လေး ကျန်ရှိနေတဲ့အထိ ငြိမ်းချမ်းရေးကို ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ကလေးတွေအတွက် ပိုမိုကောင်းမွန်တဲ့ နိုင်ငံကို ထားရစ်ပေးနိုင်အောင်အတွက်ပဲဖြစ်ပါတယ်။”ဟု သမ္မတ ဆန်တို့စ်က ပြောသည်။

တစ်ချိန်တည်းတွင် ဖားစ်ခေါင်းဆောင်ကလည်း ၎င်းတို့အဖွဲ့အနေဖြင့် စစ်ပွဲအဆုံးသတ်ရေးကို ဆက်လက် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags