မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် မူဝါဒသစ်ရေးဆွဲနေ

မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် မူဝါဒသစ်ရေးဆွဲနေ

ရာဇဝတ်မှုများ နှိမ်နှင်းရေးတွင် ဖြည့်စွက်ချက်အနေဖြင့် မူးယစ်ဆေးဝါးပြဿနာများအား ဖြေရှင်းနိုင်ရေးလုပ်ဆောင်မှုတစ်ရပ်အဖြစ် ဆေးဝါးထိန်းချုပ်ရေးအတွက် မူဝါဒသစ်ရေးဆွဲလျက်ရှိကြောင်း   နိုင်ငံပိုင်သတင်းတွင် အောက်တိုဘာ ၂ ရက်က ဖော်ပြသည်။

 စီးပွားရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုကဏ္ဍများအတွက် မူးယစ်ဆေးဝါးပြဿနာများကို ဖြေရှင်းရေး မူဝါဒများ ရေးဆွဲထိန်းချုပ်ကိုင်တွယ်သွားရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက အလေးအနက်ပြောသည်။

 နည်းပညာများ ဖွံ့ဖြိုးလာခြင်းနှင့်အတူ ရာဇဝတ်မှုကျုးလွန်သူများကလည်း နည်းလမ်းသစ်များ အသုံးချကာ ကျုးလွန်လာကြခြင်းကြောင့် ရဲတပ်ဖွဲ့အနေဖြင့် စွမ်းဆောင်ရည်ကို ဘက်ပေါင်းစုံက   မြှင့်တင်ထားရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

 ထိုပြင် ရဲတပ်ဖွဲ့အား နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီအောင် အဆင့်မြှင့်တင်သွားရမည်ဖြစ်ကြောင်းလည်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။

 UNDP၊ UNICEF၊ UNODC၊ ICRC နှင့် OHCHER ကဲ့သို့သော ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ကမကထပြုမှုဖြင့် အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ကျင်းပလျက်ရှိကြောင်း ယင်းသတင်းတွင် ဖောြ်ပသည်။

တစ်ချိန်တည်းတွင် မြန်မာနှင့် မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး UNODC တို့က အကြမ်းဖက်လုပ်ရပ်များ ဆန့်ကျင်တားဆီးရေး မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည်တည်ဆောက်မှုတွင် ကုလသမဂ္ဂအေဂျင်စီက ကူညီပေးလျက်ရှိနေကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးတို့အပါအဝင် နိုင်ငံတစ်ဝန်း ဖမ်းဆီးရမိသော အမေရိကန်ဒေါ်လာ ၅၆ သန်းဖိုးရှိ မူးယစ်ဆေးဝါးများအား ဇွန်လအတွင်းက မီးရှို့ဖျက်ဆီးခဲ့သည်။

 နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးစီမံချက်အား ၂၀၁၄-၁၅ မှ ၂၀၁၈-၁၉ အထိ တိုးမြှင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly