အာဆင်နယ်က စာချုပ်သစ်ကမ်းလှမ်းခြင်းမရှိသေးဟု ကာဇိုလာပြော

အာဆင်နယ်က စာချုပ်သစ်ကမ်းလှမ်းခြင်းမရှိသေးဟု ကာဇိုလာပြော

အောက်တိုဘာ ၂၊ လန်ဒန်။            ။ အာဆင်နယ်အသင်းက စာချုပ်သစ်အတွက် ကမ်းလှမ်းလာခြင်းမရှိသေးဟု ကွင်းလယ်ကစားသမားကာဇိုလာက ပြောဆိုလိုက် သည်။

စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့သည့် စပိန်ကစားသမားအနေဖြင့် ဇန်နဝါရီတွင် ပရီးမီးယားလိဂ်ပြင်ပကလပ်များနှင့် သဘောတူညီခွင့်ရယူနိုင်သည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။

ကာဇိုလာသည် အာစင်ဝင်းဂါး၏ ကွင်းလယ်ပိုင်းတွင် အရေးပါသူတစ်ဦးအဖြစ်ရှိနေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်ငါးပွဲကစားပြီးချိန်၌ နှစ်ဂိုးသွင်းထားသည်။

အသင်းအနေဖြင့် ပရိသတ်အကြိုက် ၃၁ နှစ်အရွယ်ကစားသမားကို ၂၀၁၇ တွင် ပြောင်းရွှေ့ကြေးမရဘဲ ဆုံးရှုံးရမည့် အခြေအနေ ဖြစ်သည်။

သို့သော် ၂၀၁၀ တွင် မာလာဂါမှပြောင်းလာသည့် ကာဇိုလာက လန်ဒန်မြောက်ပိုင်းကလပ် အာဆင်နယ်တွင်သာ ဆက်ကစားလို သည်ဟု ပြောသည်။

“စာချုပ်သစ်နဲ့ပတ်သက်ပြီး ဘာမှမကြားရသေးပါဘူး။ ဒဏ်ရာတွေနဲ့လုံးပန်းခဲ့ရတဲ့ ရာသီတစ်ခုကို ကျော်ဖြတ်ခဲ့ရတဲ့ ကျွန်တော့် အတွက် လက်ရှိအချိန်မှာတော့ ဘောလုံးကစားဖို့ပဲ အာရုံစိုက်ထားပါတယ်။

ကျွန်တော်ဒီအသင်းမှာပဲ ဆက်ကစားခွင့်ရဖို့ မျှော်လင့်ပါတယ်။ ဒီမှာပျော်လည်းပျော်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ခံစားချက်နဲ့ကစားဖို့ အရေးကြီးပါတယ်။

ကံကောင်းတာက ကျွန်တော်အာဆင်နယ်ကိုရောက်ကတည်းက နည်းပြနဲ့အသင်းဖော်တွေရဲ့ ယုံကြည်မှုကိုခံရတာပါ”ဟု ကာဇိုလာက ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly