အင်္ဂလန်ဘောလုံးလောကသို့ ပြန်လာရန် စတီဗင်ဂျရတ် စဉ်းစားနေ

အင်္ဂလန်ဘောလုံးလောကသို့ ပြန်လာရန် စတီဗင်ဂျရတ် စဉ်းစားနေ

အောက်တိုဘာ ၂၊ အမေရိကန် ။               ။ အယ်လ်အေဂလက်စီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပါက အင်္ဂလန်ဘောလုံးလောကသို့ ပြန်လည်ရောက်ရှိလာနိုင်သည်ဆိုသော သတင်းများကို အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း စတီဗင်ဂျရတ်က ငြင်းဆိုခြင်း မပြုခဲ့ဘဲ ဘာမဆိုဖြစ်လာနိုင်ကြောင်း ပြောဆိုခဲ့သည်။

ဂျရတ်နှင့် ဂလက်ဆီအသင်းတို့ ချုပ်ဆိုထားသော စာချုပ်မှာ လာမည့်နိုဝင်ဘာလတွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး ၎င်းအနေဖြင့် အမေရိကန်တွင်ဆက်ကစားမလား၊ အခြားနိုင်ငံတစ်ခုသို့   ပြောင်းရွှေ့ကစားမလား ဆိုသည်ကို ရွေးချယ်ရတော့မည် ဖြစ်သည်။

'ဂလက်ဆီမှာ ဆက်ကစားသင့်သလား။ ဒါမှမဟုတ် ကျွန်တော်ဘာလုပ်သင့်သလဲဆိုတာကို ယတိပြတ် မဆုံးဖြတ်ရသေးပါဘူး။ အခုအချိန်အထိတော့   ဘောလုံးကစားတာကို နှစ်သက်နေဆဲပါ။   လေ့ကျင့်ရေးကွင်းထဲလာရတာကို နှစ်သက်နေသေးသလို ပြိုင်ဆိုင်ရတာကိုလည်း နှစ်သက်နေတုန်းပါ။

ဒါကြောင့် ကျွန်တော် ဆက်ကစားပါဦးမယ်။ နောက်ခြောက်လ ဒါမှမဟုတ် တစ်နှစ်လောက်ကို ဒီမှာပဲ ဆက်ကစားမလား၊ တစ်ခြားဘယ်နေရာမှာ ကစားသင့်သလဲဆိုတာကို စဉ်းစားနေပါတယ်' ဟု ဂျရတ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags