သားသမီးများနဲ့ တွေ့ခွင့်ရဖို့ မူးယစ်ဆေး နဲ့ အရက်သေစာ သုံးစွဲမှု ရှိမရှိ ဆေးစစ်မှု လုပ်ဆောင်သွားမယ့် ဘရက်ဒ်ပစ်

သားသမီးများနဲ့ တွေ့ခွင့်ရဖို့ မူးယစ်ဆေး နဲ့ အရက်သေစာ သုံးစွဲမှု ရှိမရှိ ဆေးစစ်မှု လုပ်ဆောင်သွားမယ့် ဘရက်ဒ်ပစ်

နယူးယော့ခ် ၊ အောက်တိုဘာ ၁ ။                 ။ ဟောလိဝုဒ်အကျော်အမော် ဘရက်ဒ်ပစ်သည်  ကွာရှင်းခွင့် တင်ထားသော ဇနီးဖြစ်သူ အိန်ဂျလီနာဂျိုလီ နှင့် ယာယီ သဘောတူထားသော စာချုပ်အရ သားသမီးများနှင့် တွေ့ဆုံရန်  မူးယစ်ဆေး နှင့် အရက်သေစာ သောက်စားမှု ရှိမရှိ စစ်ဆေးမှု တစ်ရပ်ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယာယီသဘောတူ စာချုပ်သည် စက်တင်ဘာ ၂၀ ရက်က ဂျိုလီဘက်မှ ကွာရှင်းခွင့်တင်ထားခဲ့သည့် အချိန်မှစ၍ စူပါစတားကြယ်ပွင့် နှစ်ဦးအကြား ကွာရှင်းခွင့်တင်ထားသည့် ကာလအတွင်း ပထမဆုံးသဘောတူ စာချုပ်ဖြစ်သည်။

ဂျိုလီက မိသားစု ကျန်းမာရေးကြောင့်ဟု အခိုင်အမာ ပြောကြားထားပြီး သားသမီးများ ထိန်းသိမ်းစောင့်ရှောက်ခွင့် အပြည့်အ၀ ရရှိရေးအတွက် ကြိုးပမ်းခဲ့သည်။ အသက် ၅၂နှစ်အရွယ်ရှိ ဘရက်ဒ်ပစ် နှင့် အသက် ၄၁ နှစ် အရွယ်ရှိ ဂျိုလီတို့သည် တစ်ဦးချင်းစီ နှစ်သိမ့်ဆွေးနွေးမှုများ လုပ်ဆောင်ရန်လည်း သဘောတူညီခဲ့ကြကြောင်း နှင့် သားသမီးများ နှင့်အတူ ဘရက်ဒ်ပစ်၏ ကနဦး လည်ပတ်မှုတွင် ကုထုံးဆရာဝန်တစ်ဦး ပါဝင်မည်ဖြစ်ကြောင်း သတင်းအရင်းမြစ်က ပြောကြားသည်။

နောက်ဆုံးတွင် ကလေးထိန်းသိမ်း စောင့်ရှောက်ခွင့် မည်သူရရှိမည် ဆိုသည်နှင့်စပ်လျဉ်း၍ ဆုံဖြတ်ချက်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

စက်တင်ဘာ ၁၅ ရက်က ဘရက်ဒ်ပစ် နှင့် ဂျိုလီတို့ သီခြားစီနေခဲ့သည့် အချိန်မှစ၍ ဘရက်ဒ်ပစ်သည် သားသမီး ခြောက်ယောက် နှင့် တွေ့ဆုံခွင့် မရခဲ့ကြောင်း မီဒီယာတစ်ခု သတင်းထုတ်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags