အနုပညာလောကကို မုန်းတယ်လို့ ပြောလာတဲ့ ဇေယန်မားလစ်ခ်

အနုပညာလောကကို မုန်းတယ်လို့ ပြောလာတဲ့ ဇေယန်မားလစ်ခ်

နယူးယော့ခ် ၊ စက်တင်ဘာ ၃၀ ။                  ။  ဇေယန်မားလစ်ခ်က  ကမ္ဘာပေါ်တွင် အောင်မြင်မှုရရှိထားသော One Directionအဖွဲ့၏ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သော်လည်း အနုပညာလောကကို မုန်းတီးသည့်အတွက် မိမိကိုယ်မိမိ အနုပညာရှင် တစ်ဦးဟု မမြင်မိကြောင်း ပြေကြားခဲ့သည်။

“ နာမည် ကျော်ကြားလာတဲ့နဲ့အမျှ ဆဲရေးတိုင်းထွာမှုတွေကို ရိပ်စားမိလာတယ်။ နာမည်ကျော်ကြားမှု ကျော့ကွင်းထဲကို မကျသွားဖို့  ဂရိုစိုက်ရတယ်”ဟု ဇေယန်က  High Snobiety မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

“ကျွန်တော် အနုပညာ လောကကို မုန်းတယ်။ အနုပညာ လောကက အန္တရာယ်များတဲ့ လမ်းတစ်ခုလို့ ကျွန်တော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ နာမည်ကျော်ကြားမှုဟာ ခင်ဗျားကို တစ်ခြားသူတွေ အထင်ကြီးလာစေတယ်လို့ ခင်ဗျား ထင်မှတ်နေတာကြောင့် ခင်ဗျားကိုယ်ခင်ဗျား အနုပညာရှင်တစ်ယောက်လို့ တွေးထင်မယ်။ လူတွေဟာ ခင်ဗျားဘေးနားမှာ ရစ်သီရစ်သီ လုပ်ချင်တယ်။

ဘာလို့လဲဆိုတော့ သူတို့က ခင်ဗျားကို သိနေတာကြောင့်ပါ။ ကျွန်တော် ဆဲရေးတိုင်းထွာမှုတွေကို ရိပ်စားမိလာတယ်”ဟု ဇေယန်က High Snobiety မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

ဇေယန်သည်  One Direction အဖွဲ့မှ ထွက်ခွာလာခဲ့သည့်အချိန်က အထူးသဖြင့် လူမှုရေး မီဒီယာတွင် ပရိတ်သတ်များ၏ တုံ့ပြန်မှုများကို ရရှိခဲ့ကြောင်း ၊ ချင်ခင်မှု နှင့် ထောက်ခံမှုများသော်လည်း အပျက်သဘောဆောင်သော ပြောကြားချက်များသာဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ဇေယန်သည် မကြာမီ ထွက်ရှိမည့် ၎င်း၏ ပွဲဦးထွက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်သစ် “ Mind of Mine” နှင့်စပ်လျဉ်း၍ အရိပ်အမြွက် ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags