လန်ဒန်တွင် ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ဖျော်ဖြေပွဲပြန်လည်ကျင်းပခဲ့တဲ့ ဘရစ်တနီစပီးယား

လန်ဒန်တွင် ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ဖျော်ဖြေပွဲပြန်လည်ကျင်းပခဲ့တဲ့ ဘရစ်တနီစပီးယား

နယူးယော့ခ် ၊ စက်တင်ဘာ ၂၉ ။              ။ ကမ္ဘာကျော်အဆိုတော် ဘရစ်တနီစပီးယားသည် ၂၀၁၁ ခုနှစ်မှစ၍ ဗြိတိန်နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ လက်စ်ဗီးဂက်စ် ဖျော်ဖြေပွဲကျင်းပခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ဖျော်ဖြေပွဲသည် ငါးနှစ်အတွင်း ဗြိတိန်နိုင်ငံတွင် ပထမဆုံးအကြိမ် ပြန်လည်ပြုလုပ်သည့် ဖျော်ဖြေပွဲဖြစ်ပြီး  Apple Music Festival၏ ဖျော်ဖြေပွဲ အစိတ်ပိုင်းတစ်ခုလည်း ဖြစ်ကြောင်း နှင့် ဖျော်ဖြေပွဲကို ကမ်ဒန်ရှိ  Roundhouse တွင် ကျင်းခဲ့သည်။ မိနစ်ကိုးဆယ်ကြာ ဖျော်ဖြေပွဲအတွင်း ဘရစ်တနီသည် သီချင်းပုဒ်ရေ ၂၃ ပုဒ် သီဆိုခဲ့သည်။

ဘရစ်တနီသည် ဆက်ကပ်ပွဲဇာတ်စီးတစ်ယောက်လို ပြောင်လက်လက် ဝတ်စုံကို ဝတ်ဆင်ထားပြီး အကအဖွဲ့များနှင့်အတူ အကအလှများဖြင့် ဖျော်ဖြေသီဆိုခဲ့သည်။ ဘရစ်တနီသည် ဝတ်စုံများကို ပြောင်းလဲဝတ်ဆင်ခဲ့သည့်အပြင် ဗြိတိန်လေသံဖြင့် ပီပီပြင်ပြင်ပြောဆိုကာ ပရိတ်သတ်များကို အံ့အားသင့်အောင်လုပ်ခဲ့သည်။

ဘရစ်တနီသည် ဖျော်ဖြေပွဲတွင်  Womanizer  ၊ …Baby One More Time ၊  Oopsl ….I Did It Again ၊ Slave 4 U  ၊ Make Me  နှင့်  Toxic တေးသီချင်းအပါအဝင် နာမည်ကြီးတေးသီချင်းများကို  သီဆိုဖျော်ဖြေခဲ့သည်။ Apple Music Festival တေးဂီတဖျော်ဖြေပွဲကို ယခုသီတင်းပတ်ကုန်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly