အမ်တီဗီ ဥရောပတေးဂီတ ဆုအတွက် လျာထားခံသူများ စာရင်းတွင် ဂျက်စတင်ဘီဘာ နှင့် ဘီယွန်းစေးတို့ ဦးဆောင်နေ

အမ်တီဗီ ဥရောပတေးဂီတ ဆုအတွက် လျာထားခံသူများ စာရင်းတွင် ဂျက်စတင်ဘီဘာ နှင့် ဘီယွန်းစေးတို့ ဦးဆောင်နေ

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၂၈ ။        ။ ဘီယွန်စေး နှင့် ဂျက်စတင်ဘီဘာတို့ နှစ်ဦးသည် ၂၀၁၆ ခုနှစ် အမ်တီဗီ ဥရောပတေးဂီတ ဆုပေးပွဲ ( MTV EMAs)  အတွက် ဆုလျာထားခံသူများ စာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၃၅ နှစ်အရွယ်ရှိ အမေရိကန်အဆိုတော် ဘီယွန်စေး နှင့် အသက် ၂၂ နှစ်အရွယ် ကနေဒါ ပေါ့ပ်ကြယ်ပွင့် ဂျက်စတင်ဘီဘာတို့ နှစ်ဦးသည် မကြာမီ ကျင်းပပြုလုပ်မည့် အမ်တီဗီ ဥရောပ တေးဂီတ ဆုပေးပွဲတွင် ဆုငါးဆုအတွက် လျာထားခံထားရသည်။ အမ်တီဗီ ဥရောပ တေးဂီတ ဆုပေးပွဲကို နယ်သာလန်နိုင်ငံ ရိုတာဒမ်မြို့၌ နိုဝင်ဘာ ၆ ရက်တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

ဘီယွန်စေးသည် အကောင်းဆုံး ဗီဒီယိုဆု ၊ အကောင်းအဆုံး အမျိုးသမီး အဆိုတော်ဆု ၊ အကောင်းဆုံး တင်ဆက်မှုဆု ၊ ပရိတ်သတ် အများဆုံး နှင့် အကောင်းဆုံး အမေရိကန် ဖျော်ဖြေတင်ဆက်မှု ဆုတို့အတွက် လျာထားခံထားရသည်။

ဂျက်စတင်ဘီဘာသည် အကောင်းဆုံး တေးသီချင်းဆု ၊ အကောင်းဆုံး အမျိုးသား တေးသံရှင်ဆု ၊ အကောင်းဆုံး ပေါ့ပ်အဆိုတော်ဆု ၊ ပရိတ်သတ် အများဆုံးဆု နှင့် အကောင်းဆုံး ကနေဒါ ဖျော်ဖြေတင်ဆက်မှု ဆုတို့အတွက် လျာထားခံထားရသည်။

အဒဲလ် ၊ ကိုးလ်ပလေး ၊ ရှာမင်းဒက်စ် နှင့် လူးကက်စ်ဂရမ်းတို့သည် တစ်ဦးလျှင် ဆုလေးဆု လျာထားခံထားရပြီး ဂျက်စတင်ဘီဘာ နှင့် ဘီယွန်းစေးတို့ နောက်တွင် ရပ်တည်လျက်ရှိသည်။ ဘီယွန်စေးသည် ဧပြီလက  “Lemonade” တေးအယ်လ်ဘမ်ကို နောက်ဆုံး ဖြန့်ချိခဲ့ကြောင်း နှင့် “Formation” ကမ္ဘာလှည့် ဖျော်ဖြေပွဲကို နယူးဂျာဇီပြည်နယ် အိစ်ရာသာဖော့ဒ်မြို့၌ အောက်တိုဘာ ၇ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဂျက်စတင်ဘီဘာသည်  ၂၀၁၅ ခုနှစ် နိုဝင်ဘာလက “Purpose” တေးအယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ နိုဝင်ဘာ ၂၉ရက်တွင်  “Purpose” ကမ္ဘာလှည့် ဖျော်ဖြေပွဲ ပြီးဆုံးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly