မာတာကို စာချုပ်သစ်ချုပ်ရန် မော်ရင်ဟိုဆွေးနွေးမည်

မာတာကို စာချုပ်သစ်ချုပ်ရန် မော်ရင်ဟိုဆွေးနွေးမည်

စက်တင်ဘာ ၂၇၊ မန်ချက်စတာ။       ။ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟိုသည် မာတာကို စာချုပ်သစ်ချုပ်ရန်ဆွေးနွေးမည်ဖြစ်ပြီး စပိန်ကြယ်ပွင့် ကစားသမားကလည်း နှစ်ရှည်စာချုပ်သစ်ချုပ်ချင်နေသည်ဟု The Sun သတင်းစာက ဖော်ပြထားသည်။

ချယ်လ်ဆီးနှင့် ဗလင်စီယာကွင်းလယ်ကစားသမားဟောင်းသည် မန်ချက်စတာတွင်အခြေကျနေပြီး ယခင်ကမော်ရင်ဟို၏ တစ်ကြိမ်ရောင်းချခြင်းခံခဲ့ရဖူးသည့်တိုင် အသင်းပြောင်းရန်ဆန္ဒမရှိသူဖြစ်သည်။

မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းနည်းပြအဖြစ်ရှိစဉ်က မာတာကို ယူနိုက်တက်အသင်းထံရောင်းချခဲ့ဖူးသည်။ ယူနိုက်တက်ကို မော်ရင်ဟိုစတင်ကိုင်တွယ်စဉ်ကလည်း ရောင်းချခံရနိုင်သည်ဟု သတင်းများထွက်ခဲ့ဖူးသူဖြစ်သည်။

မာတာ၏လက်ရှိစာချုပ်သက်တမ်းမှာ နှစ်နှစ်ကျန်နေသေးသော်လည်း အသင်းက စာချုပ်သက်တမ်းတိုးရန် အဆင်သင့်ဖြစ်နေ သည်။ ထို့ပြင်ခြေစွမ်းပြနေသော လူငယ်ကစားသမားများဖြစ်သည့် ရက်ရှ်ဖို့ဒ်နှင့် လင်ဂတ်ကိုလည်း စာချုပ်သက်တမ်းတိုးရန် ရှိနေသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly