Iron Maiden ၂၀၁၇ ဗြိတိန် ဖျော်ဖြေရေး ရက်များကို ကြေညာ

Iron Maiden ၂၀၁၇ ဗြိတိန် ဖျော်ဖြေရေး ရက်များကို ကြေညာ

နယူးယော့ခ် ၊ စက်တင်ဘာ ၂၄ ။                ။ ဗြိတိန်တေးဂီတအဖွဲ့  Iron Maiden သည် ၎င်းတို့၏ ဥရောပဖျော်ဖြေပွဲ “ The Book Of Souls” ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ၂၀၁၇ နွေဦးတွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း နှင့် ၃၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ဘယ်လ်ဂျီယံနိုင်ငံ အန်ထရပ်မြို့တွင် ပြန်လည် ကျင်းပသွားမည်ဖြစ်သည်။

ဥရောပ ကမ္ဘာလှည့် ဖျော်ဖြေပွဲ ဒုတိယခရီးစဉ်ကို  ဧပြီ ၂၂ရက်တွင် အန်ထရပ်မြို့၌  ပထမဆုံး စတင်သွားမည်ဖြစ်ပြီး ဗြိတိန် ၊အိုင်ယာလန် ၊ ဂျာမနီနိုင်ငံတို့တွင်လည်း ဖျော်ဖြေသွားမည်ဖြစ်ပြီး မေ ၂၇ရက်တွင် လန်ဒန်မြို့ O2 အားကစားကွင်းတွင် ဖျော်ဖြေပွဲ ပိတ်သိမ်းသွားမည်ဖြစ်သည်။

Iron Maiden အဖွဲ့သည် ဆဌမမြောက် စတူဒီယိုအယ်လ်ဘမ် “ The Book of Souls” ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလက ထွက်ရှိခဲ့ကြောင်း နှင့် ယင်းတေးအယ်လ်ဘမ်သည် ဗြိတိန်တေးအယ်လ်ဘမ် ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး အမေရိကန်တွင် နံပါတ်လေးနေရာ၌ ရပ်တည်နေသည်။

Iron  Maiden သည် “ The Book of Souls” ကမ္ဘာလှည့်ဖျော်ဖြေရေးကို ဖေဖော်ရီလက မြောက်အမေရိကတွင် စတင်ခဲ့ပြီး ချီလီ ၊ အာဂျင်တီးနား ၊ ဘရာဇီးလ် ၊ တရုတ် ၊ ဂျပန် ၊ နယူးဇီလန် ၊သြစတြေးလျ နှင့် တောင်အာဖရိက သို့လည်း သွားရောက်ဖျော်ဖြေခဲ့သည်။၎င်းတို့၏ ဥရောပ ကမ္ဘာလှည့် ဖျော်ဖြေရေး ပထမပိုင်း ခရီးစဉ်ကို သြဂုတ်လက အဆုံးသတ်ခဲ့သည်။

ဥရောပ ကမ္ဘာလှည့် ဖျော်ဖြေပွဲ ဒုတိယခရီးစဉ် ဖျော်ဖြေပွဲ လက်မှတ်များကို ၂၀၁၆ စက်တင်ဘာ ၃၀ရက်တွင် ရောင်းချ ပေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly