ငလျင်ဒဏ်သင့် ကိုရီးယား အရှေ့တောင်ပိုင်းဒေသို့ ၀မ်သန်း၅၀ လှူဒါန်းခဲ့တဲ့ ပက်ခ်ဟေးဂျင်း

ငလျင်ဒဏ်သင့် ကိုရီးယား အရှေ့တောင်ပိုင်းဒေသို့ ၀မ်သန်း၅၀ လှူဒါန်းခဲ့တဲ့ ပက်ခ်ဟေးဂျင်း

ဆိုးလ်၊ စက်တင်ဘာ ၂၄ ။            ။ တောင်ကိုရီးယားမင်းသား ပက်ခ်ဟေးဂျင်းသည် ပြင်းအား ၅ဒသမ၈ ပမာဏ ရှိသော မြေငလျင် လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရသော မြောက်ပိုင်း ဂုန်ဆန်ပြည်နယ် ဂုန်ဂျူမြို့ ထောက်ပံ့ကူညီရေးအတွက် ကိုရီးယား ကြက်ခြေနီအဖွဲ့ကို ဝမ်ငွေ သန်း ၅၀ ( အမေရိကန်ဒေါ်လာ ၄၅ ၄၀၀)  လှူဒါန်းခဲ့ကြောင်း သိရသည်။

ပက်ခ်ဟေးဂျင်၏ လှူဒါန်းမှုများကို လှေကားများပါသော ထရပ်ကားများ ပြုပြင်ထန်းသိမ်းမှု နှင့် ဝယ်ယူခြင်း ၊ ပျက်စီးသွားသော ရှေးဟောင်းပစ္စည်းများ ၊ အိမ်ခေါင်မိုး အုတ်ကြွပ်များ ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်သည်။

ပက်ခ်သည်  ပြည်တွင်းလှူဒါန်းမှု စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း နှင့် စုစုပေါင်း ဝမ်ငွေ ၁ဒသမ၁ ဘီလျံရှိပြီး တရုတ်နိုင်ငံတွင် ၎င်း၏လှူဒါန်းမှုသည် ဝမ်ငွေ သန်း ၆၀၀ရှိပြီဖြစ်သည်။

စက်တင်ဘာ ၁၂ရက်က လှုပ်ခတ်ခဲ့သော ပြင်းအားပမာဏ ၅ဒသမ၈ရှိသော ငလျင်သည် တောင်ကိုရီးယားနိုင်ငံတွင် အင်အားအပြင်းဆုံး ငလျင်အဖြစ် စံချိန်တင်ခဲ့ကြောင်း ကိုရီးယား မိုးလေဝသဌာနက ပြောကြားသည်။ တောင်ကိုရီယားအစိုးရသည်  ဂုန်ဂျူမြို့ကု အထူးသဘာဝဘေး အန္တရာယ်ဇုန်အဖြစ် စက်တင်ဘာ ၂၂ရက်က သတ်မှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly