ဒေါ်လာ ၁၃၀ တန် ကင်မရာပါ နေကာမျက်မှန်ကို Snapchat ထုတ်လုပ်

ဒေါ်လာ ၁၃၀ တန် ကင်မရာပါ နေကာမျက်မှန်ကို Snapchat ထုတ်လုပ်

အမေရိကန်အခြေစိုက် ဆိုရှယ်မီဒီယာကုမ္ပဏီ Snapchat က ဗီဒီယိုရိုက်ကူးနိုင်သည့် ကင်မရာပါ နေကာမျက်မှန်တစ်မျိုးကို ထုတ်ဖော်ပြသလိုက်သည်။

အဆိုပါ နေကာမျက်မှန်ကိုကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်သွားမည်ဖြစ်ပြီး ဈေးနှုန်းကို ဒေါ်လာ ၁၂၉ ဒသမ ၉၉ ဖြင့်   ရောင်းချသွားမည်ဖြစ်ကြောင်း   ဝေါစထရိဂျာနယ်က ထုတ်ဖော် တင်ပြသည်။

ယင်းမျက်မှန်သည် အရွယ်အစား တစ်ဆိုဒ်တည်းလာမည်ဖြစ်ကာ အရောင်သုံးမျိုးဖြင့် ထုတ်လုပ်မည်ဖြစ်သည်။

တပ်ဆင်အသုံးပြုသူအနေဖြင့် မျက်မှန်ကိုင်းပေါ်မှ ခလုပ်တစ်ခုကို နှိပ်ကာ ဆယ်စက္ကန့်စာ ဗီဒီယိုတွေကို ရိုက်ယူထားနိုင်မှာဖြစ်ပြီးတော့ ယင်းဗီဒီယိုတွေကို စမတ်ဖုန်းတစ်ခုဆီကို ကြိုးမဲ့စနစ်ဖြင့်   ပေးပို့နိုင်မည်ဖြစ်သည်။

ယင်းမျက်မှန်ကို ပြီးခဲ့သည့် ၂၀၁၅ အစောပိုင်းကတည်းက စတင်စမ်းသပ် နေခဲ့ခြင်းဖြစ်သည်ဟုလည်း Sanpchat ၏ ပူးတွဲ တည်ထောင်သူနှင့် အမှုဆောင်အရာရှိ Evan Spiegel က ပြောသည်။

ကုမ္ပဏီမှာ ယင်း၏ လုပ်ငန်းရည်မှန်းချက်များကို တိုးချဲ့အကောင်အထည်ဖော် ဆောင်ရန်အတွက် Snap Inc ဟု အမည် ပြောင်းလဲသွားဦးမည် ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags