လော့စ်အိန်ဂျလိစ်ရှိ မိုးထိတိုက်ခန်းများကို ရောင်းချတော့မယ့် ဂျွန်နီဒပ်

လော့စ်အိန်ဂျလိစ်ရှိ မိုးထိတိုက်ခန်းများကို ရောင်းချတော့မယ့် ဂျွန်နီဒပ်

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၂၂ ။           ။ “ The Pirates of the Carribean”မင်းသားကြီး ဂျွန်နီဒပ်သည် လော့စ်အိန်ဂျလိစ်မြို့ Eastern Columbia Building အဆောက်အဦးထိပ်ရှိ မိုးထိတိုက်ခန်းငါးခန်းကို အမေရိကန်ဒေါ်လာ ၁၂ဒသမ၇၈သန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

Eastern Columbia Building အဆောက်အဦးကို ၁၉၃၀ ပြည့်လွန်နှစ်က ဆောက်လုပ်ခဲ့ခြင်ဖြစ်ပြီး ၂၀၀၇ ခုနှစ်က ပြင်ဆင်မွမ်းမံမှုများပြုလုပ်ခဲ့ကြောင်း နှင့် ယင်းနောက်မကြာမီ ဂျွန်နီဒပ်သည် ယင်းတိုက်ခန်းများကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။

မင်းသားဂျွန်နီဒပ်သည် ယခုအခါ စုစုပေါင်း စတုရန်းပေ ၁၁ ၅၀၀ အကျယ်တွင်ဆောက်လုပ်ထားသော   အိပ်ခန်းနှစ်ခန်းပါသော မိုးထိတိုက်ခန်းလေးခန်း နှင့် အိပ်ခန်းတစ်ခန်းပါသော မိုးထိတိုက်ခန်းတစ်ခန်းတို့ကို ရောင်းချသွားမည်ဖြစ်သည်။

မိုးထိတိုက်ခန်းများတွင် ရေကူးကန် ၊ မီလင်းဖို နှင့် ကျန်မားရေးအတွက်အားကစားပြုလုပ်သော အခန်းတစ်ခန်းတို့ပါဝင်သည်။ ဒပ်သည်  တံခါးပေါက်များနှင့်ချိတ်ဆက်ထားသော မိုးထိတိုက်ခန်းသုံးခန်းတွင် နေထိုင်ခဲ့ကြောင်း နှင့် အခြားနှစ်ခန်းကို စတူဒီယိုခန်းအဖြစ် အသုံးပြုခဲ့သည်။ ဂျွန်နီဒပ်သည် လော့စ်အိန်ဂျလိစ်မြို့တွင် အချိန်ပြည့်နေထိုင်ခဲ့ခြင်းမရှိပေ။

ဂျွန်နီဒပ်သည်  ၁၅လကြာပေါင်းသင်းခဲ့သော ဇနီးဖြစ်သူ အမ်မာဟာ့ဒ်နှင့် လမ်းခွဲပြီးနောက် တစ်လအကြာတွင် မိုးထိတိုက်ခန်းများရောင်းချတော့မည့် သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly