ကွာရှင်းတော့မယ့် သတင်းကြောင့် လန်ဒန်ပြတိုက်က ဘရက်ပစ်ဒ်နဲ့ဂျိုလီတို့ရဲ့ပုံစံတူ ဖယောင်းရုပ်တုကို နေရာခွဲထားလိုက်ပါပြီတဲ့

ကွာရှင်းတော့မယ့် သတင်းကြောင့် လန်ဒန်ပြတိုက်က ဘရက်ပစ်ဒ်နဲ့ဂျိုလီတို့ရဲ့ပုံစံတူ ဖယောင်းရုပ်တုကို နေရာခွဲထားလိုက်ပါပြီတဲ့

နယူးယော့ခ်၊ စက်တင်ဘာ ၂၂ ။              ။ ဟောလိဝုဒ်အကျော်အမော်စုံတွဲ အိန်ဂျလီနာဂျိုလီ နှင့် ဘရက်ဒ်ပစ်တို့နှစ်ဦး ကွာရှင်းတော့မည်ဟု ကြေညာခဲ့ပြီးနောက်  လန်ဒန်မြို့ရှိ  Madame Tussauds ပြတိုက်က ဂျိုလီ နှင့် ဘရက်ဒ်ပစ်တို့နှစ်ဦး၏ ပုံတူ ဖယောင်းရုပ်တုကို တစ်နေရာစီ ခွဲထားလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျိုလီသည် ဘရက်ဒ်ပစ်နှင့် ကွာရှင်းပေးရန် တရားရုံးတွင် လျှောက်ထားခဲ့ကြောင်း ဂျိုလီ၏ရှေ့နေက စက်တင်ဘာ ၂၀ရက်တွင် ပြောကြားခဲ့သည်။

“ ဂျိုလီနဲ့ ဘရက်ဒ်ပစ်တို့နှစ်ဦး ကွာရှင်းတော့မယ်ဆိုတဲ့ သတင်းကြောင့် ကျွန်တော်တို့ သူတို့နှစ်ယောက်ရဲ့ ပုံတူ ဖယောင်းရုပ်တုတွေကို တစ်နေရာစီ ခွဲထားလိုက်ပါတယ်”ဟု  Madame Tussauds မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ဘရက်ဒ်ပစ် နှင့် ဂျိုလီတို့နှစ်ဦး၏ ဖယောင်းရုပ်တုကို ၂၀၁၃ ခုနှစ်က ပြတိုက်တွင် စတင်ထားရှိခဲ့ခြင်းဖြစ်ကြောင်း နှင့် ယခုအခါတွင် ဖယောင်းရုပ်တုကို တစ်နေရာစီ ခွဲထားလိုက်ပြီဖြစ်သည်။

ဘရက်ဒ်ပစ်က ဇနီးဖြစ်သူ အိန်ဂျလီနာဂျိုလီ၏ ကွာရှင်းခွင့်တောင်းခံမှု နှင့် ကလေးများကို အုပ်ထိန်းခွင့်အတွက် တောင်းဆိုမှုအပေါ် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ဟု  People  မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly